သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကာကြယ္ေရး၀န္ႀကီး ယူကရိန္းေရာက္ တပ္ဖြဲ႔ေတြကို သြားေရာက္ေတြ႕ဆုံ


ယူကရိန္းထဲက ႐ုရွားတပ္ေတြရဲ႕ ဌာနခ်ဳပ္တခုကို ေရာက္ေနတဲ့ ႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာေဂး႐ိႈင္ဂူ (Sergei Shoigu) (ဇန္နဝါရီ ၁၇၊ ၂၀၂၃)

႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာေဂး႐ိႈင္ဂူ (Sergei Shoigu) ဟာ ယူကရိန္းက ႐ုရွားတပ္ေတြရဲ႕ ဌာနခ်ဳပ္တခုကို ေရာက္ေနၿပီး၊ ႐ုရွား ထိုးစစ္အေျခအေန တင္ျပခ်က္ကို နားေထာင္ေဆြးေႏြးခဲ့တယ္လို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ယူကရိန္းေရာက္ တပ္ေတြကို ပံ့ပိုးေရး၊ ခံတပ္တည္ေဆာက္ေရး အလုပ္ေတြ၊ ေရွ႕တန္းမွာ တပ္သားေတြရဲ႕ လုံၿခဳံေရး အေျခအေနနဲ႔ ေဆးတပ္နဲ႔ ေထာက္ပို႔တပ္ေတြရဲ႕ လုပ္ငန္းအေျခအေနေတြကို ေဆြးေႏြးခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

တခ်ိန္ထဲမွာပဲ ယူကရိန္းမွာတိုက္ပြဲဝင္ခဲ့တဲ့ ႐ုရွား ဝက္ဂ္နာ (Wagner Group) ေၾကးစားစစ္သားအဖြဲ႕က တပ္မႉးေဟာင္းတဦးလို႔ ေျပာဆိုသူတဦး ၿပီးခဲ့တဲ့ သီတင္းပတ္က ထြက္ေျပးၿပီး ေနာ္ေဝႏိုင္ငံမွာ ခိုလႈံခြင့္ေတာင္းလိုက္ပါတယ္။ ေသာၾကာေန႔တုန္းက ႐ုရွား-ေနာ္ေဝ နယ္စပ္မွာ နယ္ျခားေစာင့္တပ္ေတြက သူ႔ကို ဖမ္းဆီးမိခဲ့တာပါ။ ေၾကးစားစစ္တပ္ထဲ သူ႔အေတြ႕အႀကဳံေတြကို စစ္ရာဇဝတ္မႈ စုံစမ္းစစ္ေဆးေနတဲ့သူေတြကို ေျပာျပဖို႔ ဆႏၵရွိတဲ့အေၾကာင္း သူက ေျပာဆိုထားတယ္လို႔ သူ႔ရဲ႕ေရွ႕ေနက ေျပာဆိုပါတယ္။ တခ်ိန္ထဲမွာပဲ စေနေန႔က ဒီနီပ႐ို (Dnipro) ၿမိဳ႕ လူေနတိုက္ခန္းတခုကို ႐ုရွားဒုံးက်ည္နဲ႔ တိုက္ခိုက္တာေၾကာင့္ ကေလးငယ္တဦးအပါအဝင္ ေသဆုံးသူ ၄၁ ေယာက္ရွိၿပီလို႔ ယူကရိန္းကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ရုရှားကာကွယ်ရေးဝန်ကြီး ယူကရိန်းရောက် တပ်ဖွဲ့တွေကို သွားရောက်တွေ့ဆုံ

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂူ (Sergei Shoigu) ဟာ ယူကရိန်းက ရုရှားတပ်တွေရဲ့ ဌာနချုပ်တခုကို ရောက်နေပြီး၊ ရုရှား ထိုးစစ်အခြေအနေ တင်ပြချက်ကို နားထောင်ဆွေးနွေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ယူကရိန်းရောက် တပ်တွေကို ပံ့ပိုးရေး၊ ခံတပ်တည်ဆောက်ရေး အလုပ်တွေ၊ ရှေ့တန်းမှာ တပ်သားတွေရဲ့ လုံခြုံရေး အခြေအနေနဲ့ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေရဲ့ လုပ်ငန်းအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တချိန်ထဲမှာပဲ ယူကရိန်းမှာတိုက်ပွဲဝင်ခဲ့တဲ့ ရုရှား ဝက်ဂ်နာ (Wagner Group) ကြေးစားစစ်သားအဖွဲ့က တပ်မှူးဟောင်းတဦးလို့ ပြောဆိုသူတဦး ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပြေးပြီး နော်ဝေနိုင်ငံမှာ ခိုလှုံခွင့်တောင်းလိုက်ပါတယ်။ သောကြာနေ့တုန်းက ရုရှား-နော်ဝေ နယ်စပ်မှာ နယ်ခြားစောင့်တပ်တွေက သူ့ကို ဖမ်းဆီးမိခဲ့တာပါ။ ကြေးစားစစ်တပ်ထဲ သူ့အတွေ့အကြုံတွေကို စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးနေတဲ့သူတွေကို ပြောပြဖို့ ဆန္ဒရှိတဲ့အကြောင်း သူက ပြောဆိုထားတယ်လို့ သူ့ရဲ့ရှေ့နေက ပြောဆိုပါတယ်။ တချိန်ထဲမှာပဲ စနေနေ့က ဒီနီပရို (Dnipro) မြို့ လူနေတိုက်ခန်းတခုကို ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် ကလေးငယ်တဦးအပါအဝင် သေဆုံးသူ ၄၁ ယောက်ရှိပြီလို့ ယူကရိန်းကပြောပါတယ်။

XS
SM
MD
LG