သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးကပ် ဆိုက်မယ့်အန္တရာယ် ရုရှားဝန်ကြီးချုပ်သတိပေး


ရုရှားဝန်ကြီးချုပ် Dmitry Medvedev
ရုရှားဝန်ကြီးချုပ် Dmitry Medvedev

ရုရှားအစိုးရအနေနဲ့ သုံးစွဲဖို့ စီစဉ်ထားမှုတွေကို ဖျက်သိမ်းလိုက်မယ်ဆိုရင် တိုင်းပြည်ဟာ ဆိုးရွားတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ကြုံရနိုင်တယ်လို့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ပြောဆိုလိုက်ပါတယ်။

ဒီလိုစီးပွားပျက်တာမျိုးနဲ့ မကြုံရအောင် ရှောင်ရှားနိုင်စေဖို့ အစိုးရအနေနဲ့ ရည်ရွယ်ထားပြီးသား ဗျူဟာနဲ့ လူမှုရေးအသုံးစရိတ်ကို ဆက်ပြီး အာရုံစိုက် လုပ်ဆောင်သွားရလိမ့်မယ်လို့ မစ္စတာ Medvedev က မော်စကိုမြို့မှာ ကျင်းပတဲ့ ပါတီအစည်းဝေးမှာ ပြောဆိုလိုက်ပါတယ်။

မစ္စတာ Medvedev က နိုင်ငံရပ်ခြားက စီးပွားရေးအရ အရေးယူပိတ်ဆို့မှု ပြုလုပ်တာတွေအပေါ် အပြစ်တင်ပြောဆိုလိုက်ပြီး နိုင်ငံရဲ့ စီးပွားရေးအခြေနေဟာ ၂၀၀၈ ခုနှစ်ကထက် ပိုမို ဆိုးရွားကြောင်း ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ဖွံ့ဖြိုးမှုကို နိုင်ငံတော်တော်များများက ထိထိရောက်ရောက် အဟန့်အတား ပြုလုပ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရေနံဈေးနှုန်း တဟုတ်ထိုးကျဆင်းတာကြောင့် ရုရှားရဲ့စီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်ရသလို၊ ရှေ့လာမည့်နှစ်ထဲမှာ စီးပွားရေးကျဆင်းတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

သတိပေးတဲ့ လက္ခဏာတခုအဖြစ် မှတ်ယူနိုင်တာကတော့ ရုရှားနိုင်ငံသုံး ရူဘဲငွေကြေး ထိုးကျသွားခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ဒီနှစ်အတွင်း အဆိုးရွားဆုံး ငွေကြေးဖြစ်ပြီး ယူကရိန်းနိုင်ငံသုံးငွေနဲ့အတူ ကျဆင်းသွားတာဖြစ်ပါတယ်။ ငွေချေးငှားနိုင်မှုကို စောင့်ကြည့်အကဲခတ်အဖွဲ့ဖြစ်တဲ့ S&P က ရုရှားကို အနှုတ်လက္ခဏာအဖြစ် အင်္ဂါနေ့မှာ သတ်မှတ်လိုက်ပါတယ်။

XS
SM
MD
LG