သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲ ဝန်ကြီးချုပ် ပူတင် အနိုင်ရကြောင်း ကြေညာ

ရုရှားဝန်ကြီးချုပ် Vladimir Putin က တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာနေတာမို့၊ ဒါဟာဆိုရင် သမ္မတအဖြစ် တတိယအကြိမ် တိုင်းပြည်ကို ပြန်လည် အုပ်ချုပ်တာကို တွေ့ရဦးမှာ ဖြစ်ပါတယ်။ မော်စကိုမြို့တော်မှာရှိတဲ့ ကရင်မလင် ရင်ပြင်က လူထုစုဝေးပွဲ အတွင်းမှာတော့ အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ရန်သူတွေလက် တိုင်းပြည် မကျရောက်အောင် သူ့ကိုထောက်ခံကြသူတွေ ကူညီတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

အတိုက်အခံတွေကတော့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်လို့ ပြောဆိုပြီး ဒီကနေ့ တနင်္လာနေ့မှာ မော်စကိုနဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။ ထူးထူးခြားခြား စိတ်လှုပ်ရှားနေတဲ့ ဝန်ကြီးချုပ်ကတော့ ထောက်ခံသူတွေကို သူ့အနေနဲ့ ကတိပေးထားတဲ့အတိုင်း အနိုင်ရတာဟာ ရုရှားနိုင်ငံအတွက် အောင်ပွဲခံတာပဲလို့လည်း ပြောခဲ့တာပါ။

မဲရုံက ထွက်လာသူတွေကို ကောက်ခံတဲ့ စစ်တမ်းတွေနဲ့ မဲရလဒ်တချို့အရ ဝန်ကြီးချုပ်ဟာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ရထားကြောင်း ပြသနေတာမို့ တကျော့ပြန် ရွေးကောက်ပွဲတွေ လုပ်စရာ မလိုဘဲ အနိုင်ရဖွယ်ရာ ရှိနေပါတယ်။ ကွန်မြူနစ်ပါတီ အကြီးအကဲ Gennady Zyuganov ကတော့ မဲအားလုံးရဲ့ ၁၈ ရာခိုင်နှုန်းလောက်နဲ့ ဒုတိယလိုက်ခဲ့ပြီး၊ အမျိုးသားရေးဝါဒီ Vladimir Zhirinovsky ကုဋေကြွယ်သူဋ္ဌေး Mikhail Prokhorov နဲ့ ဝန်ကြီးချုပ် ပူတင် ရဲ့ မဟာမိတ်ဟောင်း Sergei Mironov တို့ကတော့ ၁၀ ရာခိုင်နှုန်း အောက်မှာပဲ အသီးသီး ရခဲ့ကြတာပါ။

မတည်မငြိမ်ဖြစ်နေတဲ့ ရုရှားနိုင်ငံ Dagestan မှာတော့ တနင်္ဂနွေနေ့က မဲရုံတစ်ခုမှာ မဲပေးအပြီး လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားပါတယ်။

This item is part of
XS
SM
MD
LG