သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတဟောင်း သမ္မတရွေးကောက်ပွဲ ပြန်ဝင်မည်

ရုရှားသမ္မတဟောင်း သမ္မတရွေးကောက်ပွဲ ပြန်ဝင်မည်
ရုရှားသမ္မတဟောင်း သမ္မတရွေးကောက်ပွဲ ပြန်ဝင်မည်

ရှေ့နှစ် မတ်လ ၄ ရက်နေ့မှာကျင်းပမယ့် ရုရှားသမ္မတရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ရုရှားညီညွတ်ရေး ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ပါတီရဲ့ ရွေးချယ်မှုကို ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် (Vladimir Putin) က ဒီကနေ့ လက်ခံလိုက်ပါတယ်။

သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ်မှာ မစ္စတာပူတင် သမ္မတရာထူးက ဆင်းပေးပြီး ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့တာပါ။ သူ့အနေနဲ့ သမ္မတအဖြစ် ပြန်အရွေးခံလိုတဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တကယ်လို့ သူသာ သမ္မတအဖြစ် ပြန်အရွေးခံရရင် လက်ရှိသမ္မတ ဒီမီထရီ မက်ဒ်ဗီယဲ့ဒက်ဗ် (Dmitry Medvedev) ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုတဲ့အကြောင်း ပြောပါတယ်။

အခုလို ရာထူးအပြောင်းအလဲလုပ်တဲ့ကိစ္စအပေါ် ရုရှားပြည်သူအများစုက အမျက်ဒေါသထွက် နေကြပြီး ဒါဟာ အာဏာရှင်စနစ်ဘက်ကို ဦးတည်နေတဲ့ လုပ်ရပ်လို့ မြင်နေကြသလို ရုရှားအာဏာရှင်ဟောင်း ဂျိုးဆက်ဖ် စတာလင် (Joseph Stalin) ပြီးရင် မစ္စတာပူတင်အနေနဲ့ ရုရှားနိုင်ငံကို သက်တမ်းအကြာဆုံး အုပ်ချုပ်မယ့် ခေါင်းဆောင်ဖြစ်ပါလိမ့်မယ်။

This item is part of
XS
SM
MD
LG