သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီး


ရုရှားရွေးကောက်ပွဲ (မတ် ၁၅၊ ၂၀၂၄ - AFP)
ရုရှားရွေးကောက်ပွဲ (မတ် ၁၅၊ ၂၀၂၄ - AFP)

ရုရှားနိုင်ငံကို ရာစုနှစ် ၄ ပုံ ၁ ပုံလောက် အုပ်ချုပ်နေတဲ့ သမ္မတ Vladimir Putin ဟာ နောက်ထပ် ၆ နှစ် သက်တမ်း ဆက်လက် အာဏာရမယ့် အလားအလာ ရှိနေပါတယ်။ အတိုက်အခံတွေကို အပြင်းအထန် နှိမ်နင်းထားတာကြောင့် ရုရှားနိုင်ငံသား မဲဆန္ဒရှင်တွေအတွက် ရွေးချယ်စရာမရှိတဲ့ အခြေအနေမျိုးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကတော့ ဒီကနေ့ပဲ ပြီးဆုံးခဲ့တာပါ။

သမ္မတပူတင်ကိုပဲဖြစ်ဖြစ် ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ အပေါ်မှာပဲဖြစ်ဖြစ် လူသိရှင်ကြား ဝေဖန်တာတွေကို လက်မခံဘဲ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး သောကြာနေ့ကစ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဓိက နိုင်ငံရေးအတိုက်အခံ Alexei Navalny ပြီးခဲ့တဲ့ လထဲမှာပဲ အာတိတ်ဒေသ အကျဉ်းထောင်တွင်း သေဆုံးသွားခဲ့သလို၊ တခြားဝေဖန်သူတွေဟာလည်း ထောင်ချခံရ၊ ပြည်ပမှာ တိမ်းရှောင်နေကြရပါတယ်။

အသက် ၇၁ နှစ်အရွယ် သမ္မတပူတင် ၂၄ နှစ်ကြာ ရုရှားကို အုပ်ချုပ်နေတဲ့ အပေါ်မှာရော၊ ယူကရိန်းနဲ့ စစ်ဖြစ်နေတာကိုပါ ဝေဖန်တာမျိုး မရှိတဲ့ ရုရှားအစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီ ၃ ခုကသာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ ယူကရိန်းနဲ့စစ်မှာ အောင်မြင်မှုတွေ ရရှိနေကြောင်း သမ္မတပူတင်က ဂုဏ်ယူပြောကြားခဲ့ပေမဲ့ ရွေးကောက်ပွဲ အဆုံးသတ်မယ့် တနင်္ဂနွေနေ့အစောပိုင်းမှာပဲ ယူကရိန်းက အဝေးထိန်းဒရုန်းတွေနဲ့ တလစပ်ပစ်ခတ်ခဲ့တာကြောင့် စိန်ခေါ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG