သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် ရုရှားနိုင်ငံ ဗုံးခွဲတိုက်ခိုက်မှု ၁၄ ဦးသေ


ရုရှားနိုင်ငံတောင်ပိုင်းက Volgograd မြို့က ဘတ်စ်ကား တစီးပေါ်မှာ တနင်္လာနေ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူပေါင်း ၁၄ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို အသေခံ အမျိုးသားဖောက်ခွဲရေးသမားတဦးက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရုရှား အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီမြို့က ဘူတာရုံမှာ အသေခံအမျိုးသမီး ဖောက်ခွဲရေးသမားတယောက်က ဖောက်ခွဲခဲ့လို့ လူပေါင်း ၁၇ ယောက်သေဆုံးအပြီး နောက်တနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀ လောက် ဒဏ်ရာရရှိသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ပေါက်ကွဲမှုဟာ အလွန်အင်အားပြင်းထန်ပြီး လူအများအပြားတင်ဆောင်လာတဲ့ ထရော်လီ ဘတ်စ်ကားပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်တာကလည်း နံနက်ပိုင်း လူစည်ကားတဲ့နေရာမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ဘတ်စ်ကားဟာ လုံးဝ ပျက်စီးသွားခဲ့သလို အနီးတဝိုက်မှာရှိတဲ့ အဆောက်အဦးတွေရဲ့ မှန်တွေလည်း ကွဲကြေသွားခဲ့ပါတယ်။ အခုအချိန်အထိတော့ ဒီတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့စည်းကမှတော့ သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါဘူး။
XS
SM
MD
LG