သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမြို့မှာ ဒုတိယအကြိမ် အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးတိုးမြှင့်


ရုရှားနိုင်ငံ၊ Volgograd မြို့က ဖောက်ခွဲမှုကို စစ်ဆေးနေစဉ်။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၃)
ရုရှားနိုင်ငံ၊ Volgograd မြို့က ဖောက်ခွဲမှုကို စစ်ဆေးနေစဉ်။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၃)
ရုရှားနိုင်ငံ တောင်ပိုင်းက Volgograd မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် အဲဒီမြို့တဝိုက်မှာ ရုရှားအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့် ချထားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ခဲ့ပြီး လူ ၃၁ဦး သေဆုံးကာ အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ဗုံးခွဲတိုက်ခိုက်မှုမှာတော့ ဓာတ်ရထားတစင်း အစအစ အပိုင်းပိုင်းဖြစ်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ဒီ မတိုင်ခင်တရက်မှာ အသေခံဗုံးခွဲတိုက်ခိုက်သူဟာ မြို့ရဲ့ ရထား ဘူတာအဝင် လုံခြုံရေးဂိတ်မှာ ပါလာတဲ့ ပေါက်ကွဲပစ္စည်းတွေကို ဖောက်ခွဲ တိုက်ခိုက်တာကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

တနင်္လာနေ့ ကွဲတဲ့ဗုံးဟာ အဲဒီမတိုင်ခင် တနင်္ဂနွေနေ့ ရထားဘူတာအဝင်၀ လုံခြုံရေးဂိတ်မှာ ကွဲတဲ့ဗုံးနဲ့ ပုံစံအတူတူဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးအေဂျင်စီ ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီ ဗုံးကွဲမှုနှစ်ခုဟာ ဆက်စပ်ဖွယ်ရှိတယ်လို့ ယူဆတဲ့အကြောင်းလည်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကို လုပ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ မော်စကိုမှာတော့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ Volgograd မြို့နဲ့ ရုရှားအခြားနေရာအားလုံးမှာ လုံခြုံရေးအခြေအနေ တိုးမြှင့်ယူဖို့ အကြမ်းဖက်မှု ဆန့်ကျင်ရေးအေဂျင်စီကို အမိန့်ပေးထားပြီလို့ ရုရှားအစိုးရက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုတွေဟာ အမေရိကန်၊ အီရတ်နဲ့ နိုင်ဂျီးရီယားမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပုံစံတွေနဲ့ အလားတူတယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဌာနက နှိုင်းယှဉ်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အစွန်းရောက် အကြမ်းဖက်မှု အယူအဆနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာက စည်းလုံးလက်တွဲဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
XS
SM
MD
LG