သုံးရလွယ်ကူစေသည့် Link များ

တောမီး အခိုးတွေ မော်စကိုမြို့တော်ကို လွှမ်းနေဆဲ


ရုရှားနိုင်ငံမှာ အဆိုးဝါးဆုံး တောမီးလောင်ကျွမ်းမှုကို ထိန်းနိုင်အောင် ကြိုးစားရာမှာ တိုးတက်မှုတွေ ရှိနေပြီလို့ ရုရှား မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပေမဲ့ မော်စကိုမြို့တော်မှာ ထူထဲတဲ့ မီးခိုးလုံးတွေနဲ့ လွှမ်းခြုံနေတာမို့ မီးခိုးတွေ လျော့ပါးသွားအောင် အခုထိ နည်းလမ်းတွေ ရှာဖွေနေကြရဆဲ ဖြစ်ပါတယ်။

နိုင်ငံတော် အရေးပေါ်ဌာန ဝန်ကြီး ဆာဂျီ ရှိုဂူး (Sergei Shoigu) ကတော့ မော်စကို အရှေ့ပိုင်း ရပ်ကွက်ကြီး အများအပြားမှာ အခြေအနေတွေ ကောင်းမွန်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယူရာတောင်တန်းမှာရှိတဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရာ စနက်ဆင့် စက်ရုံနားကို မီးညွန့်တွေ ရောက်မလာအောင် ဂရုစိုက်ဖို့အတွက် အရေးပေါ် ဝန်ကြီးဌာန တာဝန်ခံတွေက မီးသတ်တွေကို ညွှန်ကြားနေပါတယ်။

မော်စကိုမြို့နားက သစ်တောနဲ့ သစ်ဆွေးနွံအိုင်တွေထဲမှာ လောင်ကျွမ်းတဲ့ တောမီးကြောင့် မော်စကိုတမြို့လုံး အဝါရောင် မီးခိုးလုံးတွေနဲ့ လွှမ်းခြုံနေပါတယ်။

ကရင်မလင်နန်းတော်နဲ့ တခြား မော်စကိုမြို့တော်က အထင်ကရ အဆောက်အဦးတွေကိုလည်း ကောင်းကောင်း မမြင်နိုင်အောင် မီးခိုးတွေနဲ့ ပိတ်ဖုံးနေပါတယ်။

ရုရှားနိုင်ငံသားတွေ နွေရာသီ အပန်းဖြေလေ့ရှိတဲ့ အီဂျစ်၊ တူရကီနိုင်ငံ အလည်အပတ် ခရီးစဉ်အတွက် လက်မှတ်တွေတော့ ရောင်းမလောက်အောင် ဖြစ်နေတယ်လို့ ခရီးသွား အဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG