သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်စွက်မှု ကန်စွဲချက် ရုရှား ပယ်ချ


၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်နှောက်ခဲ့တာမှာ နောက်ကွယ်က လုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ ရုရှားနိုင်ငံသား ၁၃ ယောက်နဲ့ ရုရှားကုမ္ပဏီ ၃ ခုအပေါ် စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ ပြောဆိုနေတာတွေသာ ဖြစ်ကြောင်း ရုရှားက တုံ့ပြန်ပါတယ်။

အခု စနေ-တနင်္ဂနွေမှာ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေစုဝေးတဲ့ ဂျာမဏီနိုင်ငံ မြူးနစ်မှာကျင်းပတဲ့ လုံခြုံရေးအစည်းအဝေးအတွင်း အမေရိကန်တရားရေးဌာနနဲ့ အထူးစုံစမ်းရေးမှူး Robert Muellerတို့ တင်ပြခဲ့တဲ့ သက်သေအထောက်အထားတွေအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မေးခွန်းထုတ်ခဲ့ပါတယ်။

စွပ်စွဲမှုတွေ၊ ကြေညာချက်တွေ၊ စွဲချက်များစွာ ကို တွေ့ခဲ့ရပြီး ဖြစ်သလို အချက်အလက်တိတိကျကျ မတွေ့ရမချင်း အခြေအမြစ်မရှိ ပြောဆိုနေတာတွေလို့သာ မြင်ကြောင်း Lavrov က သံတမန်နည်းကျ သွယ်ဝိုက်ပြောမနေနိုင်တဲ့အပေါ် တောင်းပန်ပြီး ရှင်းရှင်း ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံရေးအပေါ် cyber အင်တာနက်ပိုင်းအရ ရုရှားက လွှမ်းမိုးဖို့ ကြိုးစားတဲ့အပေါ် Mueller ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မီးမောင်းထိုးပြလိုက်တာပါ။ Donald Trump အနိုင်ရပြီး ပြိုင်ဖက် Hillary Clinton ရှုံးနိမ့်အောင်၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ရာဇဝတ်မှုအရနဲ့ သူလျှိုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ လွှမ်းမိုးဖို့ ရုရှားဝါဒဖြန့်မှုအရ ဆောင်ရွက်ခဲ့တယ်လို့ ဒီ စွဲချက်က ရည်ညွှန်းထားပါတယ်။ ဒီစွဲချက်ကြောင့် ကမ္ဘာ့နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေ မြူးနစ်မြို့မှာ ၃ ရက်တာ အစည်းအဝေးအတွင်း တင်းမာမှုတွေ ဖြစ်လာစေပါတယ်။

အစည်းအဝေး စင်မြင့်မှာ Lavrov ပြောဆိုပြီး နောက် ချက်ချင်းဆိုသလိုပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုင်ရာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး H.R.McMaster စင်မြင့်ကို တက်ရောက်ပြီး ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်ခဲ့ပါတယ်။ cyber အင်တာနက်၊ လူမှုကွန်ယက်နဲ့ တခြား နည်းလမ်းတွေကို သုံးပြီး သတင်းမှားဖြန့်မှု၊ သူလျှိုလုပ်ဆောင်မှုတွေ လုပ်ဆောင်သူတွေကို အမေရိကန်အနေနဲ့ ဖော်ထုတ်အရေးယူမယ့်အကြောင်း McMaster က ပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲဝင်စွက်မှု ကန်စွဲချက် ရုရှား ပယ်ချ
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG