သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက်


ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေတယ်လို့ ယူဆရတဲ့ ရုရှားတပ်။
ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေတယ်လို့ ယူဆရတဲ့ ရုရှားတပ်။
ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ရုရှားလိုလားတဲ့တပ်ဖွဲ့တွေ သိမ်းပိုက်ထားထားတဲ့ ခရိုင်မီးယားကျွန်းဆွယ်မှာရှိတဲ့ လူအများစုဟာ ရုရှားဘာသာစကားကို ပြောဆိုကြပါတယ်။

လက်ယာအုပ်စုလို့ဆိုတဲ့ ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။

ယူနီဖောင်းဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ခရိုင်းမီးယားရေတပ်အခြေစိုက်စခန်းနဲ့ စစ်ဆေးရုံတစ်ရုံကို ဝိုင်းဝန်းထားပြီး သိမ်းပိုက်လိုက်ကြတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီးတဲ့နောက် အခုလိုရုရှားဘက်က ကြေညာချက် ထွက်ပေါ်လာတာပါ။

ခရိုင်းမီးယားရေတပ် အခြေစိုက်စခန်းရှိရာအရပ်က ဒေသခံတွေကို သတင်းထောက်တွေက မေးမြန်းတာကို ရဲက ဝင်ရောက်ဟန့်တားခဲ့ပြီး သတင်းထောက်ရဲ့မှတ်စုစာအုပ်ကို သိမ်းဆည်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံ ယာယီဝန်ကြီးချုပ် အာဆင်ညီ ယတ်ဆန်ယွတ် (Arseniy Yatsenyuk) ဟာ ဗုဒဟူးနေ့မှာ ဝါရှင်တန်ဒီစီ မြို့တော်ကို လာရောက်ပြီး အမေရိကန်သမ္မတ ဘာရက် အိုဘားမားနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်း ပြည်သူလူထုကို ထောက်ခံကြောင်း ပြသလိုက်တာဖြစ်သလို တွေ့ဆုံဆွေးနွေးရာမှာ စီးပွားရေးအရ ကူညီမှုတွေပေးဖို့နဲ့ လာမယ့်မေလမှာ ကျင်းပမယ့် ယူကရိန်းနိုင်ငံရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရာမှာ ကူညီဖို့ကိစ္စတွေပါဝင်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ခရိုင်းမီးယားဒေသတွင်း ဓာတ်ပုံများ။
http://www.voanews.com/media/photogallery/russian-forces-in-crimea/1867523.html
XS
SM
MD
LG