သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အမျိုးသမီး ကျွမ်းဘားမယ် ရွှေတံဆိပ်ဆုရ


နွေရာသီ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆပ်ဆုရသွားသူ ရုရှားကျွမ်းဘားမယ် Aliya Mustafina
နွေရာသီ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆပ်ဆုရသွားသူ ရုရှားကျွမ်းဘားမယ် Aliya Mustafina
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ် အားကစားပြိုင်ပွဲရဲ့ ကျွမ်းဘားအားကစားပြိုင်ပွဲတွေကို တနင်္လာနေ့က ဆက်ပြီး ယှဉ်ပြိုင်ခဲ့ကြပါ တယ်။ တနင်္ဂနွေနေ့တုန်းကတော့ ဂျမေကာနိုင်ငံသား အပြေးသမား Usain Bolt က မီတာ ၁၀၀ ပြေးပွဲမှာ ၉ ဒဿမ ၆၃ စက္ကန့် နဲ့ အိုလံပစ်စံချိန်ချိုးပြီး သူ့ရဲ့ ချန်ပီယံဆုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အမျိုးသမီးဂျွမ်းဘား မညီညာတဲ့ဘားတန်းပြိုင်ပွဲမှာ ရုရှားကျွမ်းဘားမယ် Aliya Mustafina က ရွှေတံဆိပ် ဆွတ်ခူးသွားပြီး တရုတ် ကျွမ်းဘားမယ် Kexin He ငွေတံဆိပ်၊ ဗြိတိန် ကျွမ်းဘားမယ် Beth Tweddle က ကြေးတံဆိပ် ဆွတ်ခူးသွား ကြပါတယ်။ ဒီနှစ် အိုလံပစ် ကျွမ်းဘားပြိုင်ပွဲရဲ့ ကြယ်တစ်ပွင့် အဖြစ် ပေါ်ထွက်လာခဲ့သူ အမေရိကန် ဆယ်ကျော်သက် ကျွမ်းဘားမယ် Gabby Douglas က တတိယ ရွှေတံဆိပ်ဆုရဖို့ ကြိုးစားခဲ့ပေမဲ့ နံပါတ် ၈ အဆင့်ပဲ ချိတ်ခဲ့ပါတယ်။

အမျိုးသား သံကွင်း ကျွမ်းဘားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဘရာဇီးလ် ကျွမ်းဘားသမား Arthur Nabarrete Zanetti က ရွှေ တံဆိပ်၊ တရုတ်ကျွမ်းဘားသမား Yibing Chen က ငွေတံဆိပ်နဲ့ အီတလီ ကျွမ်းဘားသမား Matteo Morandi က ကြေးတံဆိပ် အသီးသီး ရခဲ့ကြပါတယ်။

အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲမှာ တောင်ကိုရီးယားက Hak Seon Yang က ရွှေ၊ ရုရှားက Denis Ablyazin က ငွေတံဆိပ်၊ ယူကရိန်းက Igor Radivilov က ကြေးတံဆိပ် ဆွတ်ခူးခဲ့ကြပါတယ်ခင်ဗျား။
XS
SM
MD
LG