သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ အီရန္ ႐ု႐ွား ပူးတြဲ ေရေၾကာင္း စစ္ေရးေလက်င့္


Russia, China, Iran Navy Drill in Gulf of Oman

အာေရဗ် ပင္လယ္ထဲမွာ တ႐ုတ္၊ အီရန္နဲ႔ ႐ု႐ွားတို႔ ၃ ရက္ၾကာ ေရေၾကာင္း ပူးတြဲစစ္ေရးေလ့က်င့္မႈကို ဒီေန႔ ေနာက္ဆုံးေန႔အျဖစ္ လုပ္ခဲ့ၾကပါတယ္။ ပင္လယ္ျပင္နဲ႔ ေဝဟင္ထဲက ပစ္မွတ္ေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေလ့က်င့္မႈေတြ ပါဝင္တယ္လို႔ ႐ု႐ွားကာကြယ္ေရးဝန္ႀကီးဌာနက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။

အီရန္က ခ်ာဘဟာ (Chabahar) ဆိပ္ကမ္းအလြန္မွာ ပူးတြဲစစ္ေရးမႈကို လုပ္ခဲ့ၾကတာပါ။ ႐ု႐ွားေရတပ္သေဘၤာ Admiral Gorshkov နဲ႔ တ႐ုတ္ဖ်က္သေဘၤာ Nanjing တို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈမွာ ပါဝင္ခဲ့ၾကတယ္လို႔ ေျပာပါတယ္။ ႐ု႐ွားရဲ႕ ေနာက္ဆုံးေပၚ အသံထက္ျမန္တဲ့ Zircon ဒုံးလက္နက္ေတြ တပ္ဆင္ထားတဲ့ Gorshkov စစ္သေဘၤာဟာ ၿပီးခဲ့တဲ့လကလည္း တ႐ုတ္ ေတာင္အေမရိကနဲ႔ ႐ု႐ွားပူးတြဲ စစ္ေရးေလ့က်င့္မႈမွာ ပါဝင္ခဲ့ပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္စစ္တိုက္ေနတဲ့ ႐ု႐ွားဟာ ယူကရိန္းစစ္ပြဲေၾကာင့္ စစ္အင္အားအခက္အခဲ ႐ွိေနပုံရေပမဲ့ တဘက္မွာလည္း အခုလို စစ္ေရး ေလ့က်င့္မႈေတြကို လုပ္ေနပါတယ္။ တ႐ုတ္သမၼတ Xi Jinping ဟာလည္း လာမယ့္ တနလၤာေန႔ကေန ဗုဒၶဟူးေန႔အထိ ႐ု႐ွားကို သြားေရာက္ၿပီး သမၼတ Vladimir Putin နဲ႔ ေတြ႔ဆုံဖို႔ ႐ွိေနပါတယ္။

==== Unicode ====

အာရေဗျ ပင်လယ်ထဲမှာ တရုတ်၊ အီရန်နဲ့ ရုရှားတို့ ၃ ရက်ကြာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနေ့ နောက်ဆုံးနေ့အဖြစ် လုပ်ခဲ့ကြပါတယ်။ ပင်လယ်ပြင်နဲ့ ဝေဟင်ထဲက ပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်မှုတွေ ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အီရန်က ချာဘဟာ (Chabahar) ဆိပ်ကမ်းအလွန်မှာ ပူးတွဲစစ်ရေးမှုကို လုပ်ခဲ့ကြတာပါ။ ရုရှားရေတပ်သင်္ဘော Admiral Gorshkov နဲ့ တရုတ်ဖျက်သင်္ဘော Nanjing တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ရုရှားရဲ့ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ Zircon ဒုံးလက်နက်တွေ တပ်ဆင်ထားတဲ့ Gorshkov စစ်သင်္ဘောဟာ ပြီးခဲ့တဲ့လကလည်း တရုတ် တောင်အမေရိကနဲ့ ရုရှားပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားဟာ ယူကရိန်းစစ်ပွဲကြောင့် စစ်အင်အားအခက်အခဲ ရှိနေပုံရပေမဲ့ တဘက်မှာလည်း အခုလို စစ်ရေး လေ့ကျင့်မှုတွေကို လုပ်နေပါတယ်။ တရုတ်သမ္မတ Xi Jinping ဟာလည်း လာမယ့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ရုရှားကို သွားရောက်ပြီး သမ္မတ Vladimir Putin နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

XS
SM
MD
LG