သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်ရေး ရုရှားထောက်ခံ


အိန္ဒိယ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်ရေး ရုရှားထောက်ခံ
အိန္ဒိယ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဖြစ်ရေး ရုရှားထောက်ခံ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေး အိန္ဒိယနိုင်ငံက ကြိုးစားနေတာကို ထောက်ခံတဲ့အကြောင်း ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီယက်ဒက်ဗ် (Dmitry Medvedev) က ပြောလိုက်ပါတယ်။

အိန္ဒိယနဲ့ ရုရှားနိုင်ငံအကြား ကုန်သွယ်ဆက်ဆံရေး အားကောင်းစေဖို့ ရည်ရွယ်တဲ့ နှစ်ရက်ကြာ ခရီးစဉ်အဆုံး မွမ်ဘိုင်းမြို့မှာ အိန္ဒိယ နည်းပညာတက္ကသိုလ် ကျောင်းသားတွေကို မစ္စတာ မက်ဒ်ဗီယက်ဒက်ဗ်က စကားပြောခဲ့ပါတယ်။

အလျှင်အမြန် တိုးတက်လာနေတဲ့ တောင်အာရှဒေသက အိန္ဒိယနိုင်ငံဟာ အဓိကနိုင်ငံကြီး တခုဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကိုယ်စားပြု ပါဝင်ခွင့် ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း အားလုံး သဘောတူညီချက် လိုအပ်တာကြောင့် အတည်ပြုဖို့ ကိစ္စကတော့ လွယ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ အဂ္ဂရာမြို့က နာမည်ကျော် တာ့ဂျ် မဟာလ်ကို သွားရောက် လည်ပတ်ပြီးတဲ့နောက် ဘဏ္ဍာငွေကြေးဆိုင်ရာ အဓိက မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ဆီ ရုရှားသမ္မတ ရောက်သွားတာပါ။

အင်္ဂါနေ့တုန်းက နယူးဒေလီမြို့တော်မှာ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်း (Manmohan Singh) နဲ့ တွေ့ဆုံပြီး နျူကလီးယား စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ ဆေးဝါးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ထိုးတာကို တက်ရောက်ခဲ့ပါတယ်။ သဘောတူညီချက်တွေထဲမှာ အိန္ဒိယနိုင်ငံက ဝယ်ချင်နေတဲ့ မျိုးဆက်အဆင့် ၅ တိုက်လေယာဉ်တွေ ပူးတွဲ ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စလည်း ပါဝင်ပါတယ်။

XS
SM
MD
LG