သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘော အိန္ဒိယကိုလွှဲပေး


ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘော အိန္ဒိယကိုလွှဲပေး
ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘော အိန္ဒိယကိုလွှဲပေး

ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းကို အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို ရုရှား အရှေ့ဖျားက ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းနားမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ရုရှားနဲ့ အိန္ဒိယ အရာရှိတွေ တက်ရောက်ခဲ့ကြပေမဲ့ သတင်းထောက်တွေကိုတော့ တက်ရောက်ခွင့် မပေးခဲ့ပါဘူး။

ရုရှားမှာဆောက်လုပ်တဲ့ နီပရာ (Nepra) ရေငုပ်သင်္ဘောကို အိန္ဒိယ ရေတပ်မှာသုံးဖို့ ဆယ်နှစ် ငှားရမ်းမှာဖြစ်ပြီး ငှားရမ်းခက ဒေါ်လာသန်းပေါင်း ၆၅၀ ကျမယ်လို့ ရုရှားက ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ဒီဆယ်နှစ် စာချုပ်အတွက် အိန္ဒိယက သန်း ၉၀၀ကျော် ပေးရကိန်း ရှိတယ်လို့ ရုရှားနဲ့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။

တန်ချိန် ၈,၁၄၀ ရှိတဲ့ ဒီရေငုပ်သင်္ဘောမှာ တာဝေးပစ် တော်ပီဒို ပါဝင်သလို ၂၀၀၄ ခုနှစ် နျူကလီးယား ထိပ်ဖူးတပ် ဂရာနတ် (Granat) အဝေးထိန်း ဒုံးကျည်လည်း ပစ်လွှတ်နိုင်ပါတယ်။

ဒီရေငုပ်သင်္ဘောကို အိန္ဒိယနံမည် ချတ်ကရား (Chakra) လို့ ပြောင်းလဲမှည့်ခေါ်လိုက်ပြီး ဒီလနှောင်းပိုင်းကျရင် ရုရှားရေပိုင်နက်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

XS
SM
MD
LG