သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွ ၇ ဦး ဖမ်းဆီးမိကြောင်း ရုရှားကြေညာ

In How Music Dies (or Lives), writer and Grammy-winning producer Ian Brennan chronicles his own journeys to find new and ancient sounds and textured voices that are missing from popular commercial recordings.

ရုရှားနိုင်ငံ၊ မော်စကို၊ Saint Petersburg နဲ့ Sverdlovsk မြို့တွေမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြတဲ့ IS စစ်သွေးကြွအဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ရုရှား နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

ဒီအကြမ်းဖက်သမားတွေကို Yekaterinburg ဒေသက Urals မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဟာ တိုက်ခိုက်မှုတွေ လုပ်ပြီးတာနဲ့ ဆီးရီးယားနိုင်ငံကို ထွက်ခွာဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဖက်ဒရယ်အစိုးရ လုံခြုံရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်သမားတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာမှာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ ပါတဲ့ ဖောက်ခွဲရေးပစ္စည်းမျိုးစုံနဲ့ အစွန်းရောက် ဝါဒ စာအုပ်တွေကို ရှာဖွေ တွေ့ရှိခဲ့ရတယ်လို့ Interfax သတင်းဌာနက ကြေညာပါတယ်။ ဖောက်ခွဲဖို့ ကြံစည်သူတွေရဲ့ ခေါင်းဆောင်ဟာ IS အဖွဲ့ဝင်တဦး ဖြစ်ပြီး တူရကီနိုင်ငံကနေ တဆင့် ရောက်လာသူဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG