သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO နဲ့ထိပ်တိုက်တိုးရေး ရုရှားမလိုလား


ရုရှား ဒုံးလက်နက်ကာကွယ်ရေးစနစ်ကို ပြသထားတဲ့ လေကြာင်းပြပွဲတရပ်။ (၂၀၁၃)
ရုရှား ဒုံးလက်နက်ကာကွယ်ရေးစနစ်ကို ပြသထားတဲ့ လေကြာင်းပြပွဲတရပ်။ (၂၀၁၃)

ရုရှားအစိုးရဟာ NATO ခေါ် မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရေးကို မလိုလားဘူးလို့ ရုရှားအရာရှိကြီးတဦးက ပြောကြား လိုက်ပါတယ်။ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Anatoli Antonov က နိုင်ငံခြားစစ်သံမှူး တွေကို စနေနေ့တုန်းက မော်စကိုမြို့တော် စစ်အခမ်းအနား တရပ်မှာ အခုလိုကြေညာပြောကြားလိုက်တာဖြစ်တယ်လို့ ရုရှား Interfax (အင်တာဖက်စ်)သတင်းကဖေါ်ပြပါတယ်။

ကျနော်တို့ဟာ NATO မဟာမိတ်နဲ့ ထိပ်တိုက်မတွေ့လိုဘူး၊ ပူးပေါင်းဆောင်ရွက်ရေးဖြစ်ထွန်းဖို့ ကိုသာ ဦးစားပေးလိုပါတယ်လို့ ပြော သွားကြောင်း ဖေါ်ပြ ထားပါတယ်။ ရုရှားဟာ ဘယ်သူ့ကိုမှ တိုက်ခိုက်မှာမဟုတ်ဘူးလို့လည်း အာမခံ ပြောကြားသွားပါတယ်။

ဒါပေမယ့် စနေနေ့ထုတ် Jyllands-Posten သတင်းစာထဲမှာတော့ ဒိန်းမတ်ဆိုင်ရာ ရုရှားသံအမတ်ကြီး Mikhail Vanin (မီခေး ဗာနင်) ကတော့ ဒိန်းမတ် နိုင်ငံ NATO အဖွဲ့ထဲဝင်ရင် ဒိန်းမတ်သင်္ဘောတွေဟာ ရုရှားရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ဝေဖန်ပြောကြားထားပါတယ်။

XS
SM
MD
LG