သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား တိုက်လေယာဉ် ၂ စီး ဂျပန် လေပိုင်နက် ဝင်ရောက်ခဲ့


Hokkaido ကျွန်းနားကို ဖြတ်သန်းလာတဲ့ ရုရှတိုက်လေယာဉ်ကို ဂျပန်လေတပ်က ဓာတ်ပုံရိုက်ယူထားတဲ့ သတင်းမှတ်တမ်းဓာတ်ပုံ ( ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
Hokkaido ကျွန်းနားကို ဖြတ်သန်းလာတဲ့ ရုရှတိုက်လေယာဉ်ကို ဂျပန်လေတပ်က ဓာတ်ပုံရိုက်ယူထားတဲ့ သတင်းမှတ်တမ်းဓာတ်ပုံ ( ဖေဖော်ဝါရီ ၇၊ ၂၀၁၃)
ဂျပန်နိုင်ငံ မြောက်ပိုင်းက Hokkaido ကျွန်းနားမှာ ရုရှား ဂျက်တိုက်လေယာဉ် ၂ စီး ကြာသပတေးနေ့က ဝင်ရောက်လာခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှား တိုက်လေယာဉ်တွေ တမိနစ်တာ ကျူးကျော် ဝင်ရောက် လာတာမို့ ပြန်ထွက်သွားအောင် ဂျပန်လေတပ်က တုန့်ပြန်ခဲ့ရတယ်လို့ လည်း ပြောပါတယ်။ အခုလို ရုရှားရဲ့ လုပ်ဆောင်မှုကို ဂျပန်အစိုးရက ကန့်ကွက်လိုက်ပြီး ဒါဟာ ငါးနှစ်တာ ကာလ အတွင်း ပထမဆုံး ကျူးကျော် ဝင်ရောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဂျက်လေယာဉ်တွေ ဂျပန်ဝေဟင်ပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ခဲ့တယ် ဆိုတာ မဟုတ်မှန်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ဒီလိုဝေဟင် ပိုင်နက် ကျူးကျော်မှုဟာ နှစ်ပေါင်း ၆၀ လောက် ဂျပန် ရုရှား ၂နိုင်ငံကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ မြောက်ပိုင်းနယ်မြေ ပြဿနာကို ဆွေးနွေး အဖြေရှာမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတိပြုလိုက်ပြီးတဲ့နောက်မှာ ဖြစ်ပွါးခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG