သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံခံရဟု ဇတ်ကွက်ဆင်တဲ့ ရုရှားသတင်းထောက်


 ရုရှား သတင်းစာ ဆရာ Arkady Babchenko
ရုရှား သတင်းစာ ဆရာ Arkady Babchenko

ရုရှား အစိုးရကို ဝေဖန်သူ ရုရှား သတင်းစာ ဆရာ Arkady Babchenko မသေဘူးလို့ ယူကရိန်း လုံခြုံရေး ဌာန အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ ယူကရိန်းနိုင်ငံ Kyiv မြို့တော်က သူနေထိုင်ရာ အိမ်ခန်းတွဲမှာ ရုရှား သတင်းစာ ဆရာ Arkady Babchenko သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့ကြောင်း မနေ့တုန်းက ယူကရိန်းအာဏာပိုင်တို့က ကြေညာခဲ့တာပါ။

ဒါပေမယ့် ဒီလို ကြေညာပြီး ၂၄ နာရီ မပြည့်သေးခင် ဒီကနေ့ ဗုဒ္ဓဟူးနေ့ Kyiv မြို့တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းစာ ဆရာ Arkady Babchenko ကို တွေ့ရပါတယ်။

သတင်းစာ ဆရာ Arkady Babchenko ကို သတ်မယ့် အစီအစဉ်ကို ဖော်ထုတ်ဖို့ သူသေသွားပြီလို့ ဟန်ဆောင်ခဲ့ကြောင်း ယူကရိန်း လုံခြုံရေးဌာနက ပြောဆိုပါတယ်။ Babchenko ကို သတ်ဖို့ ရုရှား လုံခြုံရေးဌာနက ညွှန်ကြားခဲ့တယ်လို့လည်း ယူကရိန်း လုံခြုံရေး ဌာန အကြီးအကဲ Vasyl Hrysak က ဒီကနေ့ မေလ ၃၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

Babchenko ကို သတ်ဖို့ အစီအစဉ်ကို ဆောင်ရွက်သူ အဖြစ် သံသယ ရှိထားသူက ယူကရိန်းနိုင်ငံသား ဖြစ်ပြီး အထူးစစ်ဆင်ရေး အတွင်း သူ့ကို ဖမ်းမိထားကြောင်းလည်း ယူကရိန်း လုံခြုံရေးဌာန အကြီးအကဲက ပြောဆိုသွားပါတယ်။ အထူးစစ်ဆင်ရေးနဲ့ Babchenko ကို သတ်ဖြတ်ဖို့ ကြံစည်မှုကိုလည်း တားဆီးနိုင်ခဲ့တယ်လို့လည်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG