သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ရုရှားလေကြောင်း တိုးမြှင့်တိုက်ခိုက်


Russia Ukraine War
Russia Ukraine War

ယူကရိန်းက လေကြောင်းကာကွယ်ရေးအတွက် အကူအညီတွေ တောင်းခံနေချိန်မှာဘဲ ရုရှားက မနေ့ သောကြာနေ့ညမှာ ယူကရိန်းကို ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။

ရုရှားက ပဲ့ထိန်းတပ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် ဒုံးကျည်တွေနဲ့ အဝေးထိန်း ဒရုံးယာဉ် စုစုပေါင်း ၄၀ နဲ့ တိုက်ခိုက်ခဲ့တာမှာ ၈ ခုကို သူတို့ဘက်က ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားက ပစ်လိုက်တဲ့ ဒုံးကျည် ၂၀ လောက်ကတော့ ပစ်မှတ်ကိုမရောက်ဘဲ ပျက်ကျသွားခဲ့တယ်လို့လည်း ယူကရိန်းက ပြောပါတယ်။ ဒုံးကျည်တွေဟာ ပစ်မှတ်ကို မရောက်တာသာဖြစ်ပြီး ပစ်မှတ်ကို မရောက်ခင် ကြိုတင် ပေါက်ကွဲတာလား၊ ဒါမှမဟုတ် ပျက်ကျတာလားဆိုတာတော့ သူတို့အနေနဲ့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း - ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးအသစ် Stephane Sejourne ဟာ ဒီကနေ့ မြို့တော် Kyiv ကို ရောက်ရှိသွားပါတယ်။ ကြာသပတေးနေ့က အစိုးရဝန်ကြီးအဖွဲ့ အပြောင်းအလဲအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ Stephane Sejourne ဟာ သူ့ခရီးစဉ်အတွင်း ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရုရှားတို့ရဲ့ မရပ်မနား တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ အကူအညီတွေပေးမှုတွေ အရှိန်လျော့လာနေချိန်မှာဘဲ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးအသစ်က သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ယူကရိန်းကို ရောက်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG