သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမြို့တော် ရုရှားဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခံရ


A resident walks past a partially destroyed residential building in Kyiv after a Russian drone strike, May 28, 2023.
A resident walks past a partially destroyed residential building in Kyiv after a Russian drone strike, May 28, 2023.


ရုရှားက ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ညဘက်မှာ လေကြောင်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ ဒါဟာ စစ်ပွဲစတင်ချိန်ကစပြီး ရုရှားဘက်က ကိဗ်မြို့ကို ဒရုန်းတွေနဲ့ အရေအတွက် အများဆုံးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းဘက်က ကိဗ်မြို့ စတင်တည်ထောင်တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ရုရှားဘက်က အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လူ ၁ ယောက် သေဆုံးသွားတယ်လို့ ကိဗ်မြို့တော်ဝန် Vitali Klitscho က ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ အခုလအတွင်း ကိဗ်မြို့ကို ၁၄ ကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပြီး၊ ပထမဆုံးအကြိမ် လူသေဆုံးတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ကတော့ သူတို့အနေနဲ့ ဒရုန်း ၅၀ ကျော်ကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောပေမဲ့ အားလုံးဟာ ကိဗ်မြို့ပေါ်မှာ ပစ်ချနိုင်ခဲ့တာလား ဒါမှမဟုတ် တနိုင်ငံလုံးမှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူကရိန်းသမ္မတ ဇလင်စကီးကတော့ ရုရှားနိုင်ငံသား အများစုပါဝင်တဲ့ လူပုဂ္ဂိုလ် ၅၁ ယောက် နဲ့ ကုမ္ပဏီ ၂၂၀ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ မနေ့က ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ၊ ရုရှားအစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာနဲ့ စီးပွားရေးလုပ်ငန်းတွေက လူတွေကို လုပ်အားခတွေ ပိုမပေးဘဲ အလုပ်ချိန်တွေထပ်တိုးဖို့၊ သူတို့ရဲ့ ပုံမှန်အလုပ်တွေပြီးတဲ့နောက် စစ်လက်နက်ခဲယမ်းမီးကျောက်တွေ ထုပ်လုပ်တဲ့ စက်ရုံတွေမှာ နောက်ထပ် ၂ နာရီ ဆက်လုပ်ဖို့ ရုရှားစီးပွားရေးဝန်ကြီးဌာနကို တရားဝင်တောင်းဆိုခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထောက်လှမ်းရေးအစီရင်ခံစာက ပြောပါတယ်။

XS
SM
MD
LG