သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက် မသင်္ကာသူရာချီ ရုရှားဖမ်းဆီး


ရုရှားနိုင်ငံ မော်စကိုမြို့က ဗလီတခုမှာ အစ္စလာမ်အစွန်းရောက်တွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိရတဲ့ လူ ၁၄၀ ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သောကြာနေ့က ဖမ်းဆီးထားတဲ့လူတွေထဲမှာ ၃၀ ကျော်က တခြားနိုင်ငံသားတွေဖြစ်တယ်လို့ ရုရှားအစိုးရလုံခြုံရေးအဖွဲ့ (FSB) က ပြောကြားချက်ကို ကိုးကားပြီး ရုရှားအစိုးရ သတင်းအေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ အဲဒီကြေညာချက်မှာ မပြောထားပါဘူး။

အခုဖမ်းဆီးမှုဟာ အစွန်းရောက်အဖွဲ့တွေမှာ ပါဝင်နေတဲ့သူတွေလို့ သံသယရှိရတဲ့သူတွေကို ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးတာဟာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ရဲကလိုချင်နေတဲ့သူတွေကို ဖော်ထုတ်တာဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ Interfax သတင်းအေဂျင်စီက ပြောပါတယ်။

အခုလို ဖမ်းဆီးတာတွေလုပ်ခဲ့တဲ့ မော်စကိုမြို့တောင်ပိုင်းက အဲဒီ ဘုရားဝတ်ပြုတဲ့ဗလီကျောင်းဟာ နောက်ပိုင်းမှာ အစွန်းရောက်ဝါဒကို ကူးပြောင်းသွားသူတွေ၊ ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းက စစ်သွေးကြွအဖွဲ့ထဲဝင်သွားသူတွေ နဲ့ ရုရှားနိုင်ငံက အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတဲ့သူတွေ မကြာခဏ သွားရောက်တဲ့နေရာဖြစ်တယ်လို့ ရုရှားရဲတပ်ဖွဲဝင်တွေဘက်က ယုံကြည်ထားတယ်လို့ FSB ရဲ့ ကြေညာချက်ကို ကိုးကားပြီး ရုရှားအစိုးရရဲ့ Interfax သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အဲဒီလူတွေကို ဘယ်လို ပြစ်မှုတွေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။
XS
SM
MD
LG