သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို အာဆီယံ ညှိနှိုင်းရေးမှူး ခန့်အပ်မှု လှုပ်ရှားသူတွေ ဝေဖန်


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံ (စက်တင်ဘာ ၇၊ ၂၀၂၂)
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံ (စက်တင်ဘာ ၇၊ ၂၀၂၂)

၂၀၂၄-၂၀၂၇ နှစ်အထိ ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ညှိနှိုင်းရေးမှူးအဖြစ် အလှည့်ကျ ဘရူးနိုင်း အစား မြန်မာနိုင်ငံကို အာဆီယံက ပြောင်းလဲ ခန့်အပ်လိုက်တာကို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ က ၀ေဖန်ကန့်ကွက်လိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး (အာဆီယံ) ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး သုံးနှစ်သက်တမ်းရှိတဲ့ အလှည့်ကျနိုင်ငံတွေရဲ့ အရင်က ထုတ်ပြန်ထားတဲ့ စာရင်းမှာ မြန်မာနိုင်ငံအတွက် အလှည့်ကျတာက ဥရောပသမဂ္ဂနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂက စစ်ကောင်စီနဲ့ သံတမန်ရေးဆက်ဆံရေးကို အပြင်း အထန်ကန့်ကွက်ခဲ့တဲ့အတွက် မြန်မာအစား ဘရူနိုင်းကို အာဆီယံက အပြောင်းအလဲ လုပ်ခဲ့တာပါ။

နောက်ဆုံးထုတ်ပြန်တဲ့ အာဆီယံရဲ့ စာရင်းဇယားအရ ရုရှားနဲ့ ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် အလှည့်ကျတဲ့ ဘရူနိုင်းနေရာမှာ မြန်မာကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်တာဟာ အာဆီယံအနေနဲ့ တရားမ၀င် မြန်မာစစ်အုပ်စုနဲ့ ထဲထဲ၀င်၀င် ကြံရာပါအဖြစ် ရောက်ရှိသွားတယ်လို့ JFM ရဲ့ ပြောခွင့်ရ မရတနာမောင် က ပြောပါတယ်။ ရုရှား စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုနေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက် စစ်ဆင်ရေးမှာ အာဆီယံအနေနဲ့ ကြံရာပါ ပတ်သက်နေတဲ့ အခြေအနေမျိုးဟာ မြန်မာပြည်သူတွေအတွက် တကယ့်ကို ဆိုးရွားစေတယ်လို့ သူက ဆိုပါတယ်။

မတ်လ (၁) ရက်နေ့က ထုတ်ပြန်တဲ့ JFM အဖွဲ့ရဲ့ ကြေညာချက်မှာလည်း မြန်မာစစ်အုပ်စုအတွက် အကြီးဆုံး စစ်လက်နက်ပစ္စည်းထောက်ပံ့နေတဲ့ ရုရှားနိုင်ငံနဲ့ အာဆီယံကိုယ်စားပြု ဆက်ဆံရေးတာ၀န် ခန့်အပ်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းစေတယ်လို့ ထောက်ပြထားပါတယ်။

Forum

XS
SM
MD
LG