သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနာ္ေဝးေကာင္စစ္ဝန္ကို ႐ုရွားႏွင္ထုတ္


 ႐ုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ႕လယ္မွာရွိတဲ့ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီးဌာန႐ံုး။ 

[[Zawgyi/Unicode]]

႐ုရွားလူမ်ိဳးေတြကိုမုန္းတီးေၾကာင္း ေဒါသတႀကီးေျပာဆိုခဲ့တဲ့ ေနာ္ေဝေကာင္စစ္ ဝန္ကို ႏိုင္ငံကေနေမာင္းထုတ္လိုက္ေၾကာင္း ႐ုရွားအစိုးရက ဒီကေန႔ ေျပာပါတယ္။ အဲဒီ ေနာ္ေဝေကာင္စစ္ဝန္ Elisabeth Ellingsen က ဟိုတယ္ဧည့္ႀကိဳေကာင္တာမွာ အဲဒီလိုေျပာၾကားၿပီးတဲ့ေနာက္ ႐ုရွားမွာ ဆက္ေနခြင့္ေပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

႐ုရွားလူမ်ိဳးေတြကိုမုန္းတီးေၾကာင္း ေကာင္စစ္ဝန္ Elisabeth Ellingsen ရဲ႕ ေျပာဆိုမႈကို ကန႔္ကြက္တဲ့အေနနဲ႔ ႐ုရွားႏိုင္ငံဆိုင္ရာ ေနာ္ေဝသံအမတ္ႀကီး Rune Resaland ကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ဆင့္ေခၚၿပီး ကန႔္ကြက္ခဲ့ပါတယ္။

႐ုရွားႏိုင္ငံ အေနာက္ေျမာက္ပိုင္း ေျမာက္ဝင္႐ိုးစြန္းအနီးမွာရွိတဲ့ Murmunsk ၿမိဳ႕က ဟိုတယ္ဧည့္ႀကိဳေကာင္တာမွာ ေျပာဆိုထားတဲ့ ေနာ္ေဝေကာင္စစ္ဝန္ရဲ႕ ဗြီဒီယို မွတ္တမ္းေခြ ထြက္လာခဲ့တာပါ။

အဲဒီ ဗြီဒီယိုမွတ္တမ္းေခြကိုေတာ့ ႐ုရွားလုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ နီးစပ္တယ္လို႔ ယုံၾကည္ထားၾကတဲ့ Mash Telegram Channel က ထုတ္လႊင့္ခဲ့တာပါ။

႐ုရွားကယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ ႐ုရွားနဲ႔အေနာက္အုပ္စုႏိုင္ငံေတြၾကား တင္းမာမႈေတြျဖစ္ေပၚေနၿပီး ႐ုရွားအေပၚဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္ေနၾကတဲ့အခ်ိန္မွာ ေနာ္ေဝ ေကာင္စစ္ဝန္ရဲ႕ ေဒါသတႀကီး ေျပာဆိုမႈ ထြက္ေပၚလာခဲ့တာပါ။

ေနာ္ေဝႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ဒီျဖစ္စဥ္အတြက္ မ်ားစြာ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ဒါဟာ ေနာ္ေဝအစိုးရရဲ႕ ႏိုင္ငံျခားေရးမူဝါဒ မဟုတ္သလို ႐ုရွားလူမ်ိဳးေတြအေပၚ ေနာ္ေဝင္ငံသားေတြထားတဲ့ သေဘာထားမဟုတ္ေၾကာင္း ေျပာပါတယ္။

==============

[[Unicode]]

နော်ဝေးကောင်စစ်ဝန်ကို ရုရှားနှင်ထုတ်

ရုရှားလူမျိုးတွေကိုမုန်းတီးကြောင်း ဒေါသတကြီးပြောဆိုခဲ့တဲ့ နော်ဝေကောင်စစ် ဝန်ကို နိုင်ငံကနေမောင်းထုတ်လိုက်ကြောင်း ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။ အဲဒီ နော်ဝေကောင်စစ်ဝန် Elisabeth Ellingsen က ဟိုတယ်ဧည့်ကြိုကောင်တာမှာ အဲဒီလိုပြောကြားပြီးတဲ့နောက် ရုရှားမှာ ဆက်နေခွင့်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

ရုရှားလူမျိုးတွေကိုမုန်းတီးကြောင်း ကောင်စစ်ဝန် Elisabeth Ellingsen ရဲ့ ပြောဆိုမှုကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Rune Resaland ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း မြောက်ဝင်ရိုးစွန်းအနီးမှာရှိတဲ့ Murmunsk မြို့က ဟိုတယ်ဧည့်ကြိုကောင်တာမှာ ပြောဆိုထားတဲ့ နော်ဝေကောင်စစ်ဝန်ရဲ့ ဗွီဒီယို မှတ်တမ်းခွေ ထွက်လာခဲ့တာပါ။

အဲဒီ ဗွီဒီယိုမှတ်တမ်းခွေကိုတော့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တယ်လို့ ယုံကြည်ထားကြတဲ့ Mash Telegram Channel က ထုတ်လွှင့်ခဲ့တာပါ။

ရုရှားကယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားနဲ့အနောက်အုပ်စုနိုင်ငံတွေကြား တင်းမာမှုတွေဖြစ်ပေါ်နေပြီး ရုရှားအပေါ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်နေကြတဲ့အချိန်မှာ နော်ဝေ ကောင်စစ်ဝန်ရဲ့ ဒေါသတကြီး ပြောဆိုမှု ထွက်ပေါ်လာခဲ့တာပါ။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီဖြစ်စဉ်အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ဒါဟာ နော်ဝေအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ မဟုတ်သလို ရုရှားလူမျိုးတွေအပေါ် နော်ဝေင်ငံသားတွေထားတဲ့ သဘောထားမဟုတ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG