သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ်


ရုရှားနိုင်ငံ မော်စကိုမြို့တော် ရုရှားတပ်မတော် ဒုန်းကျည်သယ်ဆောင် စစ်ရေးပြနေပုံ။ (မေ ၆၊ ၂၀၁၀။)
ရုရှားနိုင်ငံ မော်စကိုမြို့တော် ရုရှားတပ်မတော် ဒုန်းကျည်သယ်ဆောင် စစ်ရေးပြနေပုံ။ (မေ ၆၊ ၂၀၁၀။)
ရုရှားနိုင်ငံမှာတော့ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင်လိုက်ပါတယ်။ ရုရှားနဲ့ အမေရိကန် နိုင်ငံတွေအကြား NATO စစ်မဟာမိတ်အဖွဲ့ရဲ့ နျုကလီယားလက်နက် ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ သောကြာနေ့မှာပဲ ရုရှားက ခုလိုစမ်းသပ်မှုလုပ်ခဲ့တာပါ။

ရုရှားစစ်ဖက်အရာရှိတွေကလည်း ဒီနျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် စမ်းသပ်လွှတ်တင်မှု ကို တာဝေးမဟာဗျူဟာ ပစ်ခတ်မှုကရိယာတွေနဲ့ ပစ်ထုတ်ခဲ့တာဖြစ်ပြီး၊ အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ရုရှားအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးတင်းမာလာတဲ့ အချိန်အခါမျိုးမှာ ခုလိုလုပ်ရပ်မျိုးကို လုပ်လေ့ရှိပါတယ်။ ဒီ NATO အဖွဲ့ရဲ့ နျုကလီယာလက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်ကို ရုရှားအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတခုအဖြစ် ခံယူလာခဲ့ပြီး၊ ဒီအစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် NATO နိုင်ငံတွေရဲ့နယ်စပ်ကို ဒုံးကျည်နဲ့ ပစ်ထဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ NATO မဟာမိတ်တွေကတော့ ဒီနျုကလီယား လက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက်အစီအစဉ်ဟာ ရုရှားကို ပစ်မှတ်ထား ခြိမ်းခြောက်တာမဟုတ်ဖူးလို့ ဆိုနေပါတယ်။
အရင် အမေရိကန် သမ္မတ George W. Bush လက်ထက်တုံးက အီရန်နဲ့ အခြားရန်လိုတဲ့ အစိုးရတွေရဲ့ လုပ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကနေ NATO မဟာမိတ်နိုင်ငံတွေကို ကာကွယ်ပေးဖို့အတွက် မြေပြင်အခြေစိုက် Missile ဒုံးကျည်ကာကွယ်ရေးကွန်ယက်တခု လုပ်ဖို့ အဆိုပြုခဲ့ဖူးပါတယ်။

ဒါပေမဲ့ သမ္မတ Barack Obama ကတော့ နောက်ပိုင်းကာလမှာ ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် မဖြစ်အောင် ပြောင်းလဲပေးခဲ့ပြီး၊ ဒီဒုံးပစ်တာ ကိုစစ်ဆေးဖမ်းယူမိနိုင်ဖို့ စစ်သဘောၤကြီးတွေပေါ်မှာ ရေဒါတပ်ဆင်မှုလုပ်ဖို့ပဲ စီစဉ်ပေးခဲ့ပါတယ်။
XS
SM
MD
LG