သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပဋိပက္ခ အပစ်ရပ်ရေး ရုရှား ကမ်းလှမ်း


ဆီးရီးယား။
ဆီးရီးယား။

ဆီးရီးယားနိုင်ငံက ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ အဖြေရှာတဲ့ ဂျာမနီနိုင်ငံ က နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ကျင်းပနေချိန်မှာပဲ ဆီးရီးယားမှာ အပစ်ရပ်ဖို့ ရုရှားက ကမ်းလှမ်းလိုက်ပါတယ်။ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Gen nady Gatilov က မတ်လ ၁ ရက်နေ့မှာ စပြီးအပစ်အခတ်ရပ်ဖို့ ကမ်းလှမ်းလိုက် တာပါ။

ဆီးရီးယားမှာ သမ္မတဘရှားအယ်လ်အာဆတ်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ သူပုန်တွေနဲ့ အစိုးရအဖွဲ့တွေကြား တိုက်ပွဲတွေအပြင် IS တွေနဲ့ တိုက်ပွဲတွေကြောင့် ၅ နှစ်အတွင်း လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့တာဟာ နှစ်ပေါင်းများစွာအတွင်း ကမ္ဘာပေါ်က လူသားတွေအပေါ် အကြီးမားဆုံး ကပ်ဆိုက်ရောက်မှုကြီးလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ သမ္မတ အာဆတ်အစိုးရကို ထောက်ခံပြီး ဆီးရီးယားမှာ IS တွေကို ချေမှုန်းဖို့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပေမယ့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကတော့ အဲဒီလေကြောင်းတိုက်ခိုက်မှု အများစုဟာ အာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အလယ်အလတ်သဘောထားဝါဒီ သူပုန်တွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မကြာသေးခင်တုန်းကတော့ အလပ်ပိုမြို့ကို ရုရှားတွေက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကုလသမဂ္ဂဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ သူပုန်တွေ ထွက်ခွါလာခဲ့ပါတယ်။

XS
SM
MD
LG