သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်မီးရှူးတိုင် အာကာသထဲရောက်


အိုလံပစ်မီးရှူးတိုင်ကို နိုင်ငံတကာ အာကာသစခန်း (ISS) ကနေ လေဟာနယ်ထဲကို ပထမဆုံးအကြိမ်အဖြစ် သယ်ယူလာစဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
အိုလံပစ်မီးရှူးတိုင်ကို နိုင်ငံတကာ အာကာသစခန်း (ISS) ကနေ လေဟာနယ်ထဲကို ပထမဆုံးအကြိမ်အဖြစ် သယ်ယူလာစဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၃)
Sochi ဆောင်းရာသီ Olympic အားကစားပွဲတော်မှာ မီးထွန်းညှိမယ့် Olympic မီးရှူးတိုင်ဟာ သမိုင်းမှာ ပထမဦးဆုံးအဖြစ် အာကာသ လေဟာနယ်ထဲကို စနေနေ့က ရောက်ခဲ့ပါတယ်။

Russia အာကာသယာဉ်မှူး ၂ ယောက်ဖြစ်တဲ့ Oleg Kotov နဲ့ Sergei Ryazansky တို့က အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲကနေ အပြင်ထွက်ပြီး မီးရှူးတိုင်ကို အာကာသလေဟာနယ်ထဲကို ယူသွားခဲ့တာကို NASA က တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ Olympic မီးရှူးတိုင်ကို အာကာသယဉ်နဲ့ အာကာသထဲ အရင်က ယူသွားခဲ့ဖူးပေမယ့် လေဟာနယ်ထဲကို ယူသွားတာ အခုမှ ပထမဆုံးဖြစ်ပါတယ်။

၁၉၉၆ ခုနှစ် Atlanta Olympic တုန်းက Olympic မီးရှူးတိုင်ကို အမေရိကန် Atlantis အာကာသယဉ်နဲ့ အာကာသထဲယူသွားခဲ့တာပါ။ အခု Sochi Olympic မီးရှူးတိုင်ကို ကြာသပတေးနေ့တုန်းက Kazakhstan မှာရှိတဲ့ ရုရှားတို့ရဲ့ Baikonur ဒုံးပျံလွှတ်စခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ဒီမီးရှူးတိုင်ကို တနင်္လာနေ့ကျရင် အာကာသယဉ်မှူး ၃ ယောက်က ကမ္ဘာမြေကို ပြန် ယူဆောင်လာမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်ကျရင် ရုရှားနိုင်ငံ Sochi မှာ ဖွင့်လှစ်မှာဖြစ်ပြီး ဆောင်းရာသီ Olympic ပွဲတော်ကျရင် ဒီမီးရှူးကို အသုံးပြုပြီး Olympic မီး ထွန်းညှိမှာဖြစ်ပါတယ်။
XS
SM
MD
LG