သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံရုရှားအတိုက်အခံမွေးနေ့ဆန္ဒ​ပြမှု ၄၅ ဦးထက်မနည်းဖမ်းဆီးခံရ


Voaexpress June 4, 2023
Voaexpress June 4, 2023

အကျဉ်းချခံနေရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny အသက် ၄၇ နှစ်ပြည့်ကျရောက်တဲ့ တနင်္ဂနွေနေ့မှာ သူ့ကိုထောက်ခံတဲ့ဆန္ဒပြသူတချို့ ရုရှားနိုင်ငံ မော်စကိုမြို့လမ်းတွေပေါ် ထွက်လာခဲ့ပါတယ်။ Alexei Navalny ဟာ လိမ်လည်မှုနဲ့ တရားရုံးမထီမဲ့ပြင်ပြုမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရတာပါ။

ရုရှားအရာရှိတွေရဲ့ အဂတိလိုက်စားမှုကို ဖော်ထုတ်ပြောဆိုတာနဲ့၊ ရုရှားအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် သူ့ကို အခုလို စွဲချက်တင်ခဲ့တာလို့ Alexei Navalny က ပြောပါတယ်။ သူဟာ အစွန်းရောက်မှုစွဲချက်တွေနဲ့လည်း တရားရင်ဆိုင်နေရပြီး၊ ဒီစွဲချက်က သူ့ကို ဆယ်စုနှစ်တွေနဲ့ချီ ထောင်ထဲ ထည့်ထားနိုင်ပါတယ်။

ဒီအမှုဟာ ရုရှားသမ္မတ ပူတင်ရဲ့ အထင်ရှားဆုံးရန်သူတော်ကို လူထုနဲ့ခွဲထားဖို့ ရုရှားအစိုးရရဲ့ ကြိုးပမ်းမှုနောက်တခုဖြစ်တယ်လို့ ရုရှားဝေဖန်ရေးသမားတွေက ရှုမြင်ပါတယ်။ Alexei Nalvalny ကိုထောက်ခံသူတချို့ကတော့ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် စာတမ်းတချို့ ကိုင်ဆောင်ပြီး ထောင်နဲ့ရင်း ဆန္ဒပြကြသလို၊ တချို့ကတော့ ဂရမ်ဖက်တီ လမ်းဘေးပုံရိပ်တွေဆွဲရင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတချို့ကို ရုရှားရဲက မြန်မြန်ဆန်ဆန်ပဲ ဖမ်းဆီးထိန်းသိမ်းလိုက်သလို၊ မော်စကိုမြို့လယ်မှာဆိုလည်း ရဲအရာရှိတွေကို တိုးမြှင့်ချထားခဲ့ပါတယ်။ ရုရှားနိုင်ငံတဝှမ်းမှာတော့ ဆန္ဒပြ လူ ၄၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ရုရှားနိုင်ငံရေးစောင့်ကြည့်ရေးအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG