သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရ


အတိုက်အခံ ခေါင်းဆောင် Alexei Navalny
အတိုက်အခံ ခေါင်းဆောင် Alexei Navalny

ရုရှား သမ္မတ Vladimir Putin နဲ့ သူ့ရဲ့ မဟာမိတ်တွေကို ရည်ရွယ်ပြီး အဂတိ လိုက်စားမှု ဆန့်ကျင်ရေး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အတွင်းအတိုက်အခံ ခေါင်းဆောင် Alexei Navalny နဲ့ ဒါဇင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေကို ရုရှားရဲက ဒီကနေ့ ဖမ်းဆီးပါတယ်။

စိန့်ပီတာစဘဂ်နဲ့ တခြားမြို့တွေက လမ်းမတွေထက်မှာ ဆန္ဒပြပွဲတွေ မစခင် ကလေးမှာ အတိုက်အခံ ခေါင်းဆောင် Navalny ကို မော်စကိုမြို့က သူ့နေအိမ် အပြင်ဘက်မှာ ဖမ်းဆီးတာ ဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Navalny က နောက်နှစ်မှာ သမ္မတ ရွေးကောက်ပွဲ ဝင်ပြီး သမ္မတ ပူတင်နဲ့ ပြိုင်ဖို့ ကြေညာထားတာပါ။ ဆန္ဒပြသူ ဒါဇင်နဲ့ချီပြီး ဖမ်းဆီးခံရတာကို သတင်းထောက်တွေ တွေ့ရှိခဲ့ပါတယ်။ မြို့တော် မော်စကိုမှာ ၁၂၀ လောက် ဖမ်းခံရပြီး စိန့်ပီတာစဘဂ်မှာ ၁၃၀ ကျော် ဖမ်းခံရတယ်လို့ အရပ်ဖက် အဖွဲ့အစည်း တခုက ပြုစုထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။

Novosibirsk မြို့မှာ လူ ၃ ထောင်ကျော် ဆန္ဒပြခဲ့ကြပြီး တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ ဆိုချီ၊ Krasnoyarsk၊ Kazan၊ Tomsk နဲ့ Vladivostok တို့မှာလည်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မော်စကိုမြို့တော်က ဆန္ဒပြသူတွေကိုတော့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့ သုံးပြီး လူစုခွဲခဲ့ပါတယ်။ မော်စကိုမြို့လယ်မှာ ဆန္ဒပြပွဲ ကျင်းပဖို့ကို အာဏာပိုင်တို့က ခွင့်ပြုထားပေမယ့် အတိုက်အခံ ခေါင်းဆောင် Navalny က ရုရှား သမ္မတ နန်းတော်ကို သွားရာ လမ်းမကြီးထက်ကို တနင်္ဂနွေနေ့က ပြောင်းရွှေ့ခဲ့တာပါ။ အာဏာပိုင်တွေက ဆန္ဒပြပွဲမှာ အသံပိုင်းဆိုင်ရာနဲ့ ဗွီဒီယိုဆိုင်ရာ ကိရိယာတွေ သုံးခွင့် မပေးဘူးလို့ သူက ပြောတာပါ။ ဆန္ဒပြဖို့ နေရာ ပြောင်းရွှေ့တာကို ရန်လိုတဲ့ အပြုအမူအဖြစ် အာဏာပိုင်တို့က ယူဆပြီး အာဏာဖီဆန်မှုအဖြစ် ယူဆမယ်လို့ ပြောဆိုခဲ့ပြီး အဖမ်းအဆီးတွေ ဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG