သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Crimea ခွဲထွက်ရေး ရုရှားလွှတ်တော် ထောက်ခံမည်


Crimea ဝန်ကြီးချုပ် ကို ကြိုဆိုနေတဲ့ ရုရှားလွှတ်တော် (မတ်လ ၇၊ ၂၀၁၄)
Crimea ဝန်ကြီးချုပ် ကို ကြိုဆိုနေတဲ့ ရုရှားလွှတ်တော် (မတ်လ ၇၊ ၂၀၁၄)
ယူကရိန်းရဲ့ Crimea ဒေသအနေနဲ့ ရုရှား နိုင်ငံနဲ့ ပူးပေါင်းဖို့ ဆန္ဒခံယူပွဲမှာ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရုရှား လွှတ်တော်အမတ်တွေက ထောက်ခံမယ် လို့ ဒူးမား အထက်လွှတ်တော်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒခံယူပွဲကျင်းပဖို့ Crimea လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့ ဒီဂရီတရပ်ကို ယူကရိန်း ကြားဖြတ်သမ္မတ Oleksandr Turchynov က သောကြာနေ့က လက်မှတ် ရေးထိုးလိုက် ပါတယ်။

ရုရှားအစိုးရ ထောက်ခံတဲ့ Crimea လွှတ်တော်က ရုရှားနိုင်ငံနဲ့ ပူးပေါင်းဖို့ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့ပြီး ဆန္ဒခံယူပွဲကို မတ်လ ၁၆ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ ဆန္ဒခံယူပွဲ ကျင်းပမယ့် ဆုံးဖြတ်ချက်ဟာ ပျက်လုံးတခုလိုပါပဲလို့ ဆိုပြီး ဒီကိစ္စကို ရုရှား စစ်တပ်က စီစဉ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း မစ္စတာ Turchynov က ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ စည်းလုံးမှုနဲ့ အချုပ်အခြာအာဏာကို မပြိုကွဲအောင် သူနဲ့ ယူကရိန်းလွှတ်တော်က ကာကွယ်သွားမယ်လို့လည်း မစ္စတာ Turchynov က ပြောသွားပါတယ်။ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကလည်း ယူကရိန်းကနေ ခွဲထွက်ချင်တဲ့ Crimea ဒေသ လူထုဆန္ဒခံယူပွဲ ရလဒ်ကို ယဉ်ကျေး တိုးတက်နေတဲ့ ကမ္ဘာမှာ ဘယ်သူကမှ လက်ခံမှမဟုတ်ဘူးလို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းကို သစ္စာဖောက်သူတွေရဲ့ ဆုံးဖြတ်ချက် မှန်သမျှဟာ တရားမဝင်သလို အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဒီကနေ့ သောကြာနေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေကလည်း ဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG