သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက လေယဉ်ပျက်ကျမှု ၆၂ဦး သေဆုံး


လေယာဉ်ပျက်ကျခဲ့သည့် ရုရှားတောင်ပိုင်းမှ Rostov-on-Don airport အနီး အရေးပေါ်အခြေအနေမြင်ကွင်းကို မတ်လ ၁၉ရက်နေ့က တွေ့ရစဉ်။ (AP Photo)
လေယာဉ်ပျက်ကျခဲ့သည့် ရုရှားတောင်ပိုင်းမှ Rostov-on-Don airport အနီး အရေးပေါ်အခြေအနေမြင်ကွင်းကို မတ်လ ၁၉ရက်နေ့က တွေ့ရစဉ်။ (AP Photo)

Dubai ကနေ ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်တစင်းဟာ ရုရှားနိုင်ငံတောင်ပိုင်းက Rostov-on-Don မြို့လေယာဉ်ကွင်းမှာ ဆင်းသက်ဖို့ ကြိုးစားချိန် အတွင်း ပျက်ကျသွားတာကြောင့်လေယာဉ်ပေါ်ပါတဲ့လူပေါင်း ၆၂ ဦး စလုံးသေဆုံးသွားပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ဟာ Boreing ၇၃၇ အမျိုးအစား၊ FlyDubai လေယာဉ်အမှတ် FZ981 ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ သေဆုးံသွားသူတွေကတော့ ခရီးသည် ၅၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦးတို့ဖြစ်ပါတယ်။

ခုလို ပျက်ကျရတဲ့ ဖြစ်နိုင်ခြေအကြောင်းရင်း နှစ်ရပ်ကတော့ နည်းပညာဆိုင်ရာ ချို့ယွင်းမှု ဒါမှမဟုတ် လူကြောင့်ဖြစ်တဲ့ မှားယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မီတီကပြောပါတယ်။ ရုရှားအစိုးရ ပြောခွင့်ရရဲ့ အဆိုအရ သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေကို အကူအညီတွေပေးဖို့က ဦးစားပေးရမယ့် ကိစ္စဖြစ်တယ်လို့ ရုရှားသမ္မတ Vladmir Putin ကေ ပြောတယ်လို့ဆိုပါတယ်။

ဒူဘိုင်း အခြေစိုက် FlyDubai လေကြောင်းလိုင်းကရော Boeing လေယာဉ် ကုမ္ပဏီတို့ကပါ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်း မိသားစုဝင် တွေနဲ့ ဆွေးမျိုးတွေအတွက် ကြေငြာချက်ထုတ်ပြန်ပါတယ်။ သေဆုံးသွားသူ ခရီးသည်တွေထဲမှာ အမျိုးသမီး ၃၃ ယောက်၊ အမျိုးသာ ၁၈ ယောက်နဲ့ ကလေးငယ် ၄ ဦးပါဝင်တယ်လို့ FlyDubai ကပြောါပတယ်။

ခရီးသည်တွေထဲမှာ ရုရှားနိုင်ငံသား ၄၄ ဦး၊ ယူကရီန်းနိုင်ငံသား ၈ ဦး၊ အိန္ဒိယက ၂ ဦးနဲ့ ဥစ္စဘက် ကစ္စတန်နိုင်ငံက ၁ ဦးပါဝင်တယ်လို့ Dubai သတင်းဌာနက ပြောပါတယ်။ အစပိုင်းတုန်းကတော့ ခရီးသည်အားလုံး ရုရှားတွေဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။ လေယာဉ်ဝန်ထမ်းတွေအားလုံး သိပ်ကို စိုးရိမ် ထိတ်လန့်နေကြပြီး လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို သိရအောင် အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ FlyDubai ရ ဲ့ အမှုဆောင် ညွှန်ကြားရေးမှုး FGhaith Al Ghaith ကပြောပါတယ်။

XS
SM
MD
LG