သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလေယာဉ် အကြမ်းဖက်ခံရတဲ့ အထောက်အထား အီဂျစ်ရှာမတွေ့


အောက်တိုဘာ ၃၁ ရက်နေ့က ဆိုင်းနိုင်းကျွန်းဆွယ်မှာ ရုရှားလေယာဉ်ပျက်ကျခဲ့။
အောက်တိုဘာ ၃၁ ရက်နေ့က ဆိုင်းနိုင်းကျွန်းဆွယ်မှာ ရုရှားလေယာဉ်ပျက်ကျခဲ့။

အောက်တိုဘာ ၃၁ ရက်နေ့က ရုရှားလေယာဉ်ပျက်ကျခဲ့တဲ့ ကိစ္စမှာ အကြမ်းဖက်သမားတွေရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားမျိုး စုံစမ်းစစ်ဆေးသူတွေအနေနဲ့ မတွေ့ရဘူးလို့ အီဂျစ်နိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကနဦး အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဆိုင်းနိုင်းကျွန်းဆွယ်က လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၂၂၄ ယောက် သေဆုံးခဲ့တာပါ။ အရပ်သားလေကြောင်းဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ လေယာဉ် ဘာကြောင့် ပျက်ကျတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဆက်လက် စုံစမ်း စစ်ဆေးနေပေမယ့် ခုထိတော့ အကြမ်းဖက်သမားတွေ ဒါမှမဟုတ် တခြား တိုက်ခိုက်မှုတခုခုကြောင့် ပျက်ကျတဲ့ လက္ခဏာတစုံတရာ မတွေ့ရဘူးလို့ ဖေါ်ပြထားပါတယ်။

ပျက်ကျခဲ့တဲ့ Airbus လေယာဉ်ပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတပ်ဆင်ထားခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် ရုရှားနဲ့ အနောက်နိုင်ငံတွေက အစောပိုင်းမှာ ပြောဆိုခဲ့တာပါ။

IS အကြမ်းဖက်အဖွဲ့ကလည်း ဒီလေယာဉ်ပျက်ကျခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုပြီး ဗုံး ပုံစံကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

နာမည်ကျော်အပန်းဖြေစခန်း Sharm al-Sheikh ကနေ ပျံတက်လာပြီးနောက် လေယာဉ်ပျက်ခဲ့တာကြောင့် ရုရှားနဲ့ ဗြိတိန်က အီဂျစ်နိုင်ငံကို ပျံသန်းတဲ့ လေယာဉ်တွေကို ရပ်ဆိုင်းခဲ့သလို ခရီးသွားလုပ်ငန်းကိုအပေါ်လည်း ထိခိုက်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ပိုင်းကစလို့ ဆီးရီးယားမှာ ရုရှားက လေကြောင်းစစ်ဆင်ရေး စတင်ခဲ့တာကြောင့် ဒီအပေါ် လက်တုံ့ုပြန်တာဖြစ်တယ်လို့ IS က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားဟာ ဆီးရီးယား သမ္မတ Bashar al-Assad ကို ထောက်ခံအားပေးတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲတာဖြစ်ပြီး စစ်သွေးကြွတွေကို တိုက်ခိုက်တာမဟုတ်ဘူးလို့ဆိုပြီး အနောက်နိုင်ငံအစိုးရတွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ဆိုင်းနိုင်းကျွန်းဆွယ်က လေယာဉ်ပျက်ကျမှုအပြီးမှာတော့ IS တွေကို ပိုပြီး ပစ်မှတ်ထားတိုက်ခိုက်လာတာမျိုးတွေ့ရတယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

XS
SM
MD
LG