သုံးရလွယ်ကူစေသည့် Link များ

ယူကရိန်းနယ်စပ်က တပ်တွေရုပ်ဖို့ ရုရှားသမ္မတအမိန့်ထုတ်

  • ဗွီအိုအေ (မြန်မာဌာန)

တီဗွီဖန်သားပြင်ပေါ်မှ ရုရှားသမ္မတပူတင်။
ယူကရိန်း နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်နေတဲ့ ရုရှားတပ်တွေကို အခြေစိုက်စခန်းဆီ ပြန်ရုပ်သိမ်းဖို့ ရုရှားသမ္မတ Vladimir Putin က အမိန့်ပေးထားပြီပါပြီ။

ယူကရိန်းမှာကျင်းပတော့မယ့် အရေးကြီးတဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို တနင်္လာနေ့က ရုရှာားးအစိုးရဘက်ကနေ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ယူကရိန်းနယ်စပ်မှာ သောင်းနဲ့ချီတဲ့ရုရှားတပ်တွေချထားတာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေဘက်က ကန့်ကွက်ဆန္ဒပြနေကြပြီး ဒါဟာ ရုရှားတွေ မတ်လက Crimea ဒေသကို ရုရှားက သိမ်းပိုက်ခဲ့ပြီးနောက်ထပ်သိမ်းပိုက်ဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်ဆိုပြီး သူတို့ဘက်က စိုးရိမ်မကင်း ဖြစ်နေကြောင်း ပြောဆိုထားတာပါ။
ဒါပေမယ့် နေတိုးဘက်တော့ ရုရှားတပ်တွေဆုတ်ခွာသွားတာမျိုး မတွေ့သေးဘူးလို့ ဆိုပါတယ်။

ရုရှားအစိုးရဘက်ကလည်း ယူကရိန်းအရှေ့ဘက်ခြမ်းမှာရှိနေတဲ့ ယူကရိန်းတပ်တွေကို ပြန်ရုပ်သိမ်းဖို့ တနင်္လာနေ့မှာပဲ ယူကရိန်းအစိုးရကို တောင်းဆိုထားပါတယ်။ အဲဒီဒေသမှာ ရုရှားလိုလားတဲ့သူပုန်တွေကို ယူကရိန်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့တာပါ။

ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ဘက်ဒေသကို ကိုယ်ပိုင်သီးခြားလွတ်လပ်တဲ့ နယ်မြေအဖြစ် ကြေညာခဲ့ပြီး ရုရှားနိုင်ငံနဲ့ပူးပေါင်းဖို့ ထောက်ခံခဲ့ကြပါတယ်။ ယူကရိန်းအရှေ့ပိုင်းက မြို့ကြီးအများအပြားမှာ ယူကရိန်းလုံခြုံရေးတွေနဲ့ လက်နက်ကိုင်သူပုန်တွေကြားအကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာမကြာဖြစ်ပွားနေပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG