သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားလွတ်လပ်ရေး ရုရှားသမ္မတအသိအမှတ်ပြု


A woman cries outside the historic Emanuel African Methodist Episcopal Church, Charleston, South Carolina. A mass shooting took the lives of nine people in the church on Wednesday.
ခရိုင်းမီးယားကို အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ကြေညာချက်တခုကို ရုရှားသမ္မတ မစ္စတာပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ခရိုင်းမီးယားဒေသဟာ ယူကရိန်းနိုင်ငံအတွင်းကနေ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ်သတ်မှတ်ဖို့အတွက် ဆန္ဒခံယူပွဲကျင်းပခဲ့ရာမှာ မဲပေးသူအရေအတွက်ရဲ့ ၉၇% က ထောက်ခံကြောင်း ကြေညာခဲ့အပြီး နောက်တနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ရုရှားသမ္မတ မစ္စတာပူတင်က အခုလို အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ခရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံကနေ ခွဲထုတ်ဖို့အရေး ထောက်ခံမှုပေးခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်ကြောင်း ကြေညာခဲ့အပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှားဘက်က အခုလို ကြေညာချက်ထွက်ပေါ်လာတာပါ။

ခရိုင်းမီးယားမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲအတွင်း တချို့မဲပြားတွေဟာ မဲမပေးခင်ကတည်းက ကြိုတင် အမှတ်အသားတွေ ဖြည့်စွက်ထားတဲ့ အထောက်အထားတွေ အခိုင်အလုံ ရရှိထားတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ခရိုင်းမီးယားမှာ ကျင်းပတဲ့ ဆန္ဒခံယူပွဲဟာ ယူကရိန်းနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖေါက်တာဖြစ်သလို နိုင်ငံတကာဥပဒေ နဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ သမ္မတအိုဘားမား အစိုးရနဲ့ ဥရောပ သမဂ္ဂတို့က စောပိုင်းကတည်းကပဲ ထပ်ခါတလဲလဲ သတိပေးပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG