သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း သမ္မတရွေးကောက်ပွဲ ရလာဒ် ရုရှားလက်ခံမည်


ရုရှသမ္မတ Vladimir Putin စိန့်ပီတာဘတ်မြို့မှာ မိန့်ခွန်းပြော (မေ ၂၃၊ ၂၀၁၄)
တနင်္ဂနွေနေ့ ယူကရိန်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ ရလာဒ်ကို အသိမှတ်ပြုမယ့် အကြောင်း ရုရှားသမ္မတ ဗယ်လ်ဒီမီယာပူတင် ကပြောဆိုလိုက်ပြီး တက်လာမယ့် ယူကရိန်းသမ္မတအသစ်ဟာ နိုင်ငံအရှေ့ပိုင်းမှာ ခွဲထွက်ရေးသမား တွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကို အဆုံးသတ်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားနယ်စပ်မှာ ရုရှားလိုလားတဲ့ စစ်သွေးကြွတွေက ယူကရိန်း ပြည်သူ့စစ်တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်တဲ့အတွက် ယူကရိန်းပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိတဲ့ သောကြာနေ့ ဖြစ်ရပ် ဖြစ်ပွားနေချိန်မှာ ရုရှားသမ္မတက စိန့်ပီတာဘတ်မြို့မှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ကြာသာပတေးနေ့တုံးကလည်း ယူကရိန်း အစိုးရ စစ်သား ၃၀ ကို ခွဲထွက်ရေး စစ်သွေးကြွတွေက သတ်ပစ်ခဲ့ကြ ပါသေးတယ်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိတ်ပူနေကြပါတယ်။
XS
SM
MD
LG