ဒီလအတွင်း ကျင်းပခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မော်စကိုနဲ့ စိန့်ပီတာစဘတ်ဂ် မြို့ကြီးတွေမှာ ဆန္ဒပြသူတွေ ထောင်ချီ ဆန္ဒပြခဲ့ကြပြန်ပါတယ်။
မော်စကို ဆန္ဒပြပွဲကို ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး စိန့်ပီတာစဘတ်ဂ် ဆန္ဒပြပွဲနောက်မှာတော့ ပါတီအမျိုးမျိုး ပါဝင်နေကြပါတယ်။
တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့အပတ်အတွင်း ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေထက်တော့ အများကြီး သေးငယ်လှပါတယ်။
ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာပူတင် (Vladimir Putin) ရဲ့ အာဏာရပါတီ United Russia ပါတီ အနိုင်ရရှိခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ရွေးကောက်ပွဲတွေမှာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် မသမာမှုတွေရှိတယ်လို့ အတိုက်အခံနဲ့ ပြည်ပက လေ့လာအကဲခတ်သူတွေက ဆိုကြပါတယ်။