သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ ရုရှား သမ္မတရွေးကောက်ပွဲ ဝန်ကြီးချုပ် ပူတင် ဝင်ပြိုင်မည်

၂၀၁၂ ရုရှား သမ္မတရွေးကောက်ပွဲ ဝန်ကြီးချုပ် ပူတင် ဝင်ပြိုင်မည်
၂၀၁၂ ရုရှား သမ္မတရွေးကောက်ပွဲ ဝန်ကြီးချုပ် ပူတင် ဝင်ပြိုင်မည်

ရုရှားသမ္မတနိုင်ငံရဲ့ ရှေ့နှစ် ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဗလာဒီမာပူတင် (Vladimir Putin) အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ရှိ သမ္မတ ဒင်မစ်ထရီ မက်ဗီးယာ့ဒဲ့ဖ် (Dmitry Medvedev) က ဒီကနေ့ အဆိုပြုလိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ လက်ရှိဝန်ကြီးချုပ် ဗလာဒီမာပူတင်က ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်က မစ္စတာ ပူတင် ရာထူးကနေ ထွက်ပေးရခဲ့ပြီးတဲ့နောက် ၂၀၁၂ မှာ သမ္မတ ပြန်ဖြစ်ရေး အာမခံချက် ရသလောက်နီးပါး ဖြစ်သွားစေခဲ့ပါတယ်။ မစ္စတာ မက်ဗီးယာ့ဒဲ့ဖ် ရဲ့အဆိုပြုချက်ကို သူ့အနေနဲ့ ဂုဏ်ယူတယ်လို့ မစ္စတာပူတင်က ပြောဆိုလိုက်ပါတယ်။

အာဏာရ United Russia ပါတီရဲ့ နှစ်ပတ်လည် ပါတီညီလာခံမှာ မစ္စတာ မက်ဗီးယာ့ဒဲ့ဖ် က လာမယ့်နှစ် မတ်လရွေးကောက်ပွဲအပြီး ရုရှားအစိုးရထဲမှာ သူ့အနေနဲ့ လက်တွေ့လုပ်ရမယ့်အလုပ်တွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ပူတင်ကလည်း ပါတီညီလာခံကိုယ်စားလှယ်တွေကို ပြောကြားရာမှာ သူ့အနေနဲ့ မစ္စတာ မက်ဗီးယာ့ဒဲ့ဖ်ကို ပါတီကို ဦးဆောင်စေပြီး ရှေ့နှစ်သမ္မတ ရွေးကောက်ပွဲအပြီးမှာ မစ္စတာ မက်ဗီးယာ့ဒဲ့ဖ်ကို ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စေမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သမ္မသက်တမ်းဟာ ၄ နှစ်ပဲရှိတာကို ၆ နှစ်အဖြစ် ပြုပြင်ဖို့ကိုလည်း မစ္စတာ မက်ဗီးယာ့ဒဲ့ဖ်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG