သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဝန်ကြီးချုပ် ပူတင် အနိုင်ရမှု ကန့်ကွက်ပွဲအရှိန်မြင့်


မော်စကိုမြို့ Bolotnaya ရင်ပြင်မှာ မစ္စတာပူတင် နုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြတဲ့ ပြည်သူများ။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)
မော်စကိုမြို့ Bolotnaya ရင်ပြင်မှာ မစ္စတာပူတင် နုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြတဲ့ ပြည်သူများ။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)

ပါလီမန်ရွေးကောက်ပွဲတွေမှာ မမှန်မကန်လုပ်မှုတွေနဲ့ လိမ်လည်မှုတွေရှိခဲ့တယ်လို့ ယူဆပြီး စိတ်ဆိုး ဒေါသထွက်နေကြတဲ့ ရုရှားပြည်သူတွေကနေ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် နဲ့ သူ့ရဲ့ ရုရှားညီညွတ်ရေး ပါတီကို အကြီးမားဆုံး စိန်ခေါ်ချက်တရပ်အနေနဲ့ ဒီကနေ့ နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေကို စတင်လိုက်ပါတယ်။

ဒီကနေ့ ပထမဦးဆုံး ဆန္ဒပြပွဲတွေကတော့ ဝေးလံလှတဲ့ ရုရှားနိုင်ငံ အရှေ့ခြမ်းမှာ စတင်ခဲ့ကြတာပါ။ ဆန္ဒပြသူအယောက် ၂၀ လောက်လည်း Khabarovsk မြို့မှာ ထိန်းသိမ်းခံခဲ့ကြရပါတယ်။ မြို့တော် မော်စကိုအာဏာပိုင်တွေကတော့ Kremlin နန်းတော်မြစ်တဘက်ကမ်းက ရင်ပြင်တစ်ခုမှာ ဒီကနေ့ နှောင်းပိုင်းက ဆန္ဒပြသူ ၃ သောင်းကို စုဝေးခွင့် ပြုခဲ့ပါတယ်။

အခုလို နိုင်ငံတဝှမ်း စုဝေးဆန္ဒပြမှုတွေဟာ ဒီတပတ်အစောပိုင်း ဆက်တိုက်ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဓိကကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ မစ္စတာ ပူတင် အနိုင်ရခဲ့တဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ကြတာပါ။

ဝန်ကြီးချုပ်ရဲ့ပါတီက အောက်လွှတ်တော်ထဲမှာ နေရာအနည်းအကျဉ်းလောက်ကိုပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကတော့ ချဲ့ကားထားတာဖြစ်တယ်လို့ အတိုက်အခံပါတီတွေနဲ့ ရွေးကောက်ပွဲအကဲခတ်တွေက အခိုင်အမာ ပြောဆိုနေကြတာဖြစ်ပါတယ်။ တကယ်လို့သာ လာမယ့် မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း မစ္စတာ ပူတင်ပဲ အနိုင်ရဖို့ ဖြစ်လာခဲ့ဦးမယ်ဆိုရင် သူဟာ သမ္မတတာဝန် ပြန်ယူရမှာဖြစ်ပါတယ်။

XS
SM
MD
LG