သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရွေးကောက်ပွဲ ကနဦးရလဒ် သမ္မတပူတင် အနိုင်ရနေ


မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကြားမှာပဲ ရုရှားလက်ရှိသမ္မတ Vladimir Putin အနိုင်ရနေကြောင်း ကနဦးရွေးကောက်ပွဲ ရလဒ်တွေက ဖော်ပြနေပါတယ်။ တနင်္ဂနွေနေ့ မဲပေးကြတဲ့ ရုရှားနိုင်ငံသားတွေကတော့ ဘယ်သူအနိုင်ရမယ်ဆိုတာကို ကြိုသိနေကြသလိုKaliningrad ဒေသမှာတော့ မဲရုံတွေ ပိတ်ပြီးပြီးချင်းမှာပဲ ကနဦးရလဒ်ကိုကြည့်ရင် မစ္စတာ Putin ပဲ အနိုင်ရတာတွေ့ရပါတယ်။

ရုရှားအစိုးရမှန်းထားသလို မဲပေးသူအရေအတွက် ရာခိုင်နှုန်း ၇၀ လောက်အထိ တကယ်ရှိမရှိ မသိရသေးပေမယ့် မစ္စတာ Putin ဟာ မဲအားလုံးရဲ့ ၇၁.၉% နဲ့ ရှေ့ဆုံးကပြေးနေတယ်လို့ ရုရှားရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ရုရှားနိုင်ငံတလွှား မဲရုံတွမှာ မဲမသမာမှုတွေ ရာပေါင်းများစွာရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ရုရှားရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေကတော့ လျှော့ပေါ့ပြောနေကြတာပါ။ ဒါပေမယ့် ဒီကိစ္စကို သူတို့ စုံစမ်းစစ်ဆေးနေတယ်လို့ တော့ပြောပါတယ်။

ရွေးကောက်ပွဲဝင် ကွန်မြူနစ်တဦးဖြစ်တဲ့ Pavel Grudinin ကတော့ ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ မဲ ၁၅.၉% လောက် ရနေတာဖြစ်ပြီး သူတယောက်ပဲ မစ္စတာ Putin နဲ့ ပြိုင်ဘက်အဖြစ် ရှိနေပါတယ်။ တခြားသူတွေကတော့ ယှဉ်ပြိုင်အားသိပ်မရှိပါဘူး။

မစ္စတာ Putin ဟာ 1999 ခုနှစ် Boris Yeltsin နောက်မှာ သမ္မတရာထူး ဆက်ခံခဲ့သူဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲဟာ Crimea ကို ရုရှားဝင်သိမ်းခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မစ္စတာ Putin ကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ ဘလော်ဂါတဦးဖြစ်တဲ့ တက်ကြွလှုပ်ရှားသူ Boris Navalny ကတော့ သူ့ကို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို့မရအောင် လိမ်လည်မှုနဲ့တရားစွဲတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့စွပ်စွဲချက်ကို ရုရှားရွေးကောက်ပွဲကော်မရှင် ဗဟိုဌာန ဒုတိယအကြီးအကဲက မဟုတ်မှန် ကြောင်း ငြင်းဆိုခဲ့ပြီး ဒီရွေးကောက်ပွဲဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲတခုဖြစ်ကြောင်း သူ့ Twitterမှာ ရေးပါတယ်။

ရုရှားရွေးကောက်ပွဲ ကနဦးရလဒ် သမ္မတပူတင် အနိုင်ရနေ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG