သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစီးပွားရေး


နိုင်ငံခြားငွေတွေနဲ့ လှဲလှယ်တဲ့နေရာမှာ ရုရှား ရူဘယ်ငွေတန်ဖိုး ကျဆင်းနေပုံ။
နိုင်ငံခြားငွေတွေနဲ့ လှဲလှယ်တဲ့နေရာမှာ ရုရှား ရူဘယ်ငွေတန်ဖိုး ကျဆင်းနေပုံ။

ရုရှား Ruble ငွေဈေးဟာ နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးကို မကြာသေးခင်ရက်ပိုင်းမှာ ကျဆင်းသွားပါတယ်။ ရှေ့နှစ်စီးပွားရေးဟာ သိပ်သိသိသာ မတက်နိုင်ဘူးလို့ ခန့်မှန်းထားရာကနေ စီးပွားရေး အကျပ်အတည်း ဖြစ်နိုင်တယ်လို့ ဘဏ္ဍာရေး အရာရှိတွေက ပြောင်းလဲ ခန့်မှန်းလိုက်တာနဲ့ အမျှ ရေနံဈေးတွေလည်း ကျဆင်းသွားပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုင်းပြည်ထဲက ထွက်ခွာနေချိန်မှာ ရုရှားစီးပွားရေး ခုလို ထိခိုက်လာတာပါ။ ဒါပေမဲ့ စီးပွားရေး ပညာရှင်တွေကတော့ ရုရှား စီးပွားရေး ပြဿနာဟာ ယူကရိန်းအရေးနဲ့ ရေနံဈေး ကျဆင်းမှုတွေထက် ပိုပြီး အရေးပါတဲ့ တခြားကိစ္စတွေ ရှိနေလို့ဖြစ်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။ မော်စကိုကနေ Daniel Schearf ပေးပို့ထားတဲ့သတင်းနဲ့အတူ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG