ယူကရိန္းစစ္ပြဲမွာသုံးဖို႔ ႐ု႐ွားစစ္တပ္လိုတဲ့ စစ္လက္နက္ပစၥည္းေတြ လိုရင္လိုသေလာက္ ျမန္ျမန္ရေအာင္လုပ္ေပးထားပါလို႔ ႐ု႐ွားသမၼတ Vladimir Putin က ႐ု႐ွားစစ္လက္နက္ပစၥည္း ထုတ္လုပ္ေနတဲ့လုပ္ငန္းက အႀကီးအကဲေတြကို ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းစစ္မ်က္ႏွာျပင္မွာ တိုက္ခိုက္ေနၾကတဲ့ စစ္သားေတြ လိုသမွ်လက္နက္ေတြကို အခ်ိန္တိုအတြင္း ပို႔ေပးႏိုင္ဖို႔ လုပ္ထားဖို႔အျပင္ တိုက္ခိုက္ေရးအတြက္ လက္နက္ေတြရဲ႕ အစြမ္းကိုလည္း ျမႇင့္ထားဖို႔လိုအပ္တယ္လို႔ Tula ၿမိဳ႕က လက္နက္စက္႐ုံကို သမၼတပူတင္ ေသာၾကာေန႔က သြားေရာက္စဥ္ သမၼတပူတင္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။
႐ု႐ွားကာကြယ္ေရးဝန္ႀကီးက Kalashnikov လက္နက္လုပ္ငန္းကေနလည္း လက္နက္ေတြကို ေ႐ွ႕ႏွစ္ကစၿပီး တိုးျမႇင့္ဝယ္ယူသြားမယ္လို႔ ဆိုပါတယ္။ ယူကရိန္းမွာ အထူးစစ္ဆင္ေရးလုပ္ေနတယ္လို႔ ပူတင္ဆိုတဲ့ စစ္ပြဲဟာ ၁၁ လနီးပါး ၾကာလာၿပီျဖစ္ခ်ိန္မွာ ႐ု႐ွားဘက္က လက္နက္အင္အား စစ္သည္အင္အားေတြ ဆုံး႐ႈံးက်ဆုံးေနတယ္လို႔ အေမရိကန္တာဝန္႐ွိသူေတြက ေျပာၾကားထားပါတယ္။
႐ု႐ွားစစ္တပ္မွာ လက္နက္အင္အား မလုံေလာက္တဲ့ ျပႆနာေတြ ျဖစ္ေနတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနရဲ႕ ေထာက္လွမ္းေရးဌာနကလည္း သတင္းထုတ္ျပန္ပါတယ္။ ႐ု႐ွားရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္မွာ လက္နက္ျပတ္လပ္မႈဟာ အဓိကျပႆနာႀကီး ျဖစ္ေနပုံရတယ္လို႔ ဒီေန႔ စေနေန႔ ထုတ္ျပန္တဲ့ ေထာက္လွမ္းေရးသတင္းမွာ ေဖာ္ျပပါတယ္။
ပဲ့ထိန္း Cruise Missile ဒုံးေတြ အကန္႔အသတ္႐ွိေနတဲ့အတြက္ ယူကရိန္းဘက္ကို တာေဝးပစ္ဒုံးနဲ႔ ပစ္ခတ္တိုက္ခိုက္မႈ တစ္ပါတ္ တစ္ခါသာ လုပ္ႏိုင္ပုံရတယ္လို႔ ေျပာပါတယ္။ တခ်ိန္ထဲမွာပဲ အႀကီးအက်ယ္ ထိုးစစ္ဆင္ တိုက္ခိုက္မႈေတြ လုပ္ႏိုင္ေလာက္ေအာင္ လက္နက္ႀကီးေတြလည္း ထပ္ၿပီး စုေဆာင္းႏိုင္ပုံ မရဘူးလို႔ ၿဗိတိန္ကာကြယ္ေရးဌာနက ေထာက္လွမ္းေရးသတင္း အခ်က္အလက္ေတြ ဒီေန႔ ထုတ္ျပန္ခဲ့ပါတယ္။
=== Unicode ====
ယူကရိန်းစစ်ပွဲမှာသုံးဖို့ ရုရှားစစ်တပ်လိုတဲ့ စစ်လက်နက်ပစ္စည်းတွေ လိုရင်လိုသလောက် မြန်မြန်ရအောင်လုပ်ပေးထားပါလို့ ရုရှားသမ္မတ Vladimir Putin က ရုရှားစစ်လက်နက်ပစ္စည်း ထုတ်လုပ်နေတဲ့လုပ်ငန်းက အကြီးအကဲတွေကို ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်မျက်နှာပြင်မှာ တိုက်ခိုက်နေကြတဲ့ စစ်သားတွေ လိုသမျှလက်နက်တွေကို အချိန်တိုအတွင်း ပို့ပေးနိုင်ဖို့ လုပ်ထားဖို့အပြင် တိုက်ခိုက်ရေးအတွက် လက်နက်တွေရဲ့ အစွမ်းကိုလည်း မြှင့်ထားဖို့လိုအပ်တယ်လို့ Tula မြို့က လက်နက်စက်ရုံကို သမ္မတပူတင် သောကြာနေ့က သွားရောက်စဉ် သမ္မတပူတင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးက Kalashnikov လက်နက်လုပ်ငန်းကနေလည်း လက်နက်တွေကို ရှေ့နှစ်ကစပြီး တိုးမြှင့်ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ အထူးစစ်ဆင်ရေးလုပ်နေတယ်လို့ ပူတင်ဆိုတဲ့ စစ်ပွဲဟာ ၁၁ လနီးပါး ကြာလာပြီဖြစ်ချိန်မှာ ရုရှားဘက်က လက်နက်အင်အား စစ်သည်အင်အားတွေ ဆုံးရှုံးကျဆုံးနေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ရုရှားစစ်တပ်မှာ လက်နက်အင်အား မလုံလောက်တဲ့ ပြဿနာတွေ ဖြစ်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနရဲ့ ထောက်လှမ်းရေးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ လက်နက်ပြတ်လပ်မှုဟာ အဓိကပြဿနာကြီး ဖြစ်နေပုံရတယ်လို့ ဒီနေ့ စနေနေ့ ထုတ်ပြန်တဲ့ ထောက်လှမ်းရေးသတင်းမှာ ဖော်ပြပါတယ်။
ပဲ့ထိန်း Cruise Missile ဒုံးတွေ အကန့်အသတ်ရှိနေတဲ့အတွက် ယူကရိန်းဘက်ကို တာဝေးပစ်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု တစ်ပါတ် တစ်ခါသာ လုပ်နိုင်ပုံရတယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နိုင်လောက်အောင် လက်နက်ကြီးတွေလည်း ထပ်ပြီး စုဆောင်းနိုင်ပုံ မရဘူးလို့ ဗြိတိန်ကာကွယ်ရေးဌာနက ထောက်လှမ်းရေးသတင်း အချက်အလက်တွေ ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။