သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းက ကျေးရွာကို ရုရှား သိမ်းပိုက်


Donetsk မြို့မှ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများ (REUTERS/Alina Smutko)
Donetsk မြို့မှ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများ (REUTERS/Alina Smutko)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသအတွင်းက ကျေးရွာတရွာကို သိမ်းပိုက်လိုက်နိုင်ကြောင်း ရုရှားက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ စစ်ရေးအရ သေးငယ်တဲ့ အောင်မြင်တခု ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

Donetsk ဒေသအတွင်းမှာရှိတဲ့ Chigari ဆိုတဲ့ ကျေးရွာကို သိမ်းပိုက်လိုက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြန်တဲ့ နေ့စဉ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ စနေနေ့တုန်းကလည်း အဲဒီဒေသထဲက ကျေးရွာအသေးတခုကို သိမ်းပိုက်လိုက်နိုင်ကြောင်း ရုရှားက သတင်းထုတ်ပြန်ပါတယ်။ အဲဒီဒေသမှာ နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတယ်လို့ ယူကရိန်းဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ယူကရိန်းနယ်စပ် ရုရှားအနောက်ဘက်ခြမ်းက ကျေးရွာအတွင်းမှာရှိတဲ့ သိုလှောင်ရုံတခုကို ယူကရိန်းက ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဒီကနေ့ ဒေသခံတွေကို ဘေးကင်းရှာ ရှောင်တိမ်းခိုင်းလိုက်ရတယ်လို့ ရုရှား သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

Voronezh ဒေသအတွင်းက အဲဒီကျေးရွားကနေ မီးခိုးလုံးတွေ တက်လာပြီး ပေါက်ကွဲသံတွေ ထွက်နေတဲ့ မှတ်တမ်း ဗွီဒီယိုတွေလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။

Forum

XS
SM
MD
LG