သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတို့ပစ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်းယာဉ်တွေကို ပစ်ချခဲ့ကြောင်း ရုရှားပြော


UKRAINE-CRISIS/CRIMEA-BRIDGE
UKRAINE-CRISIS/CRIMEA-BRIDGE

Kerch ရေလက်ကြားရဲ့ တဘက်မှာရှိတဲ့ Crimea တံတားကို ယူကရိန်းတို့က S-200 ဒုံးကျည်နဲ့ပစ်ခတ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် တံတားကို ထိခိုက်ခြင်းမရှိသလို၊ လူတွေလည်း ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌနာက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်ကစလို့ ရုရှားတို့ သိမ်းပိုက်ထားတဲ့ Crimea နဲ့ ရုရှားနိုင်ငံအကြား ဆက်သွယ်ပေးထားတဲ့ ၁၂ မိုင်ရှည်တဲ့ ဒီတံတားဟာ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းခံနေရတာပါ။

ယူကရိန်းတို့ပစ်လိုက်တဲ့ ဒရုန်းယာဉ်ကို ရုရှားလေကြောင်းကာကွယ်ရေးအဖွဲ့က ကြိုတင် သိရှိခဲ့ပြီး အချိန်မှီ ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရုရှားလူမှုကွန်ယက်တွေမှာတွေ့ရတဲ့ မှတ်တမ်းတွေအရ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတဲ့ အဲဒီ တံတားကို တွေ့မြင်ရပါတယ်။ တချိန်ထဲမှာဘဲ ယူကရိန်းတို့ပစ်လိုက်တဲ့ ဒရုန်းယာဉ် ၂၀ ကို Crimea ကျွန်းဆွယ်အနီးမှာ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။

XS
SM
MD
LG