သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှမှာ အမေရိကန် စစ်ဘောင်ချဲ့နေကြောင်း ရုရှားစွပ်စွဲ


Russian Federation Sergey Lavrov during the ASEAN-Russia Ministerial Meeting for the 55th ASEAN Foreign Ministers' Meeting (55th AMM) in Phnom Penh, Cambodia, Aug. 4, 2022.
Russian Federation Sergey Lavrov during the ASEAN-Russia Ministerial Meeting for the 55th ASEAN Foreign Ministers' Meeting (55th AMM) in Phnom Penh, Cambodia, Aug. 4, 2022.

တရုတ်နဲ့ ရုရှားရဲ့ သြဇာကို ထိန်းချုပ်ဟန့်တားလိုတဲ့အတွက် အရှေ့တောင်အာရှမှာ အမေရိကန်က စစ်ဘောင်ချဲ့နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ တနင်္ဂနွေနေ့မှာ စွပ်စွဲလိုက်ပါတယ်။

ကမ္ဘောဒီးယားမှာ အရှေ့အာရှထိပ်သီးညီလာခံ တက်ခဲ့ပြီးနောက် ဘာလီမှာ G-20 ညီလာခံတက်ဖို့ မထွက်ခွါမီ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဖနွမ်းပင်လေဆိပ်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

တရုတ်ကိုဟန့်တားပြီး ရုရှားရဲ့ အရှေ့တောင်အာရှဒေသအတွင်း အကျိုးစီးပွါးတွေကို ကန့်သတ်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်က စစ်ရေးဆိုင်ရာ လုပ်ရပ်တွေကို လုပ်နေတာဖြစ်တယ်လို့ Lavrov က ဆိုပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အနောက်နိုင်ငံတွေက ရုရှားအပေါ် ပိတ်ဆို့အရေးယူခဲ့တာကြောင့်၊ ရုရှားဟာ ထိခိုက်သွားတဲ့ သူ့ စီးပွါးရေးကို အရှေ့တောင်အာရှ ဗဟိုပြုဖို့ ကြိုးစားလာခဲ့ပါတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှဟာ ရုရှားရဲ့ အကျိုးစီးပွါးအတွက် အရေးပါတဲ့ ဒေသတစ်ခု ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ အခု အရှေ့တောင်အာရှထိပ်သီး အစည်းအဝေးမှာ ယူကရိန်းစစ်ပွဲ၊ အမေရိကန်-တရုတ် အားပြိုင်မှုနဲ့ မြန်မာနိုင်ငံကိစ္စတွေကို ခေါင်းဆောင်တွေက အဓိကဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်ရဲ့ မဟာဗျူဟာဟာ အားလုံးပါဝင်ရေး မဟုတ်ဘဲ၊ အာဆီယံရဲ့ အားလုံးပါဝင်ရေးမူကိုလာပြီး သူ့မဟာဗျူဟာနဲ့ အပြိုင်ချဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးအဆင့် ခေါင်းဆောင်တွေ တက်ရောက်ခွင့်မပြုခဲ့ပါဘူး။ မြန်မာစစ်ကောင်စီကလည်း အာဆီယံဟာ အားလုံးပါဝင်ရေးမူကို ချိုးဖောက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို ပြောသလိုပဲ ဝေဖန်ခဲ့ပါတယ်။ အထီးကျန်လာတဲ့ မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ဟာ အပြန်အလှန် ကြည့်လာရတဲ့အဖြစ်ကို ရောက်ရှိလာခဲ့ရပါတယ်။

==== Unicode ====







XS
SM
MD
LG