သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတောမီး မော်စကိုမြို့တော်မှာ မီးခိုးဖုံးလွှမ်း


မောစကိုမြို့တော်မှာ ဒုတိယနေ့အဖြစ်နဲ့ မီးခိုးလုံးတွေ ထူထူထပ်ထပ် အုံ့ဆိုင်းနေလို့ မြို့သူမြို့သားတွေဟာ ဘေးကင်းရာ အဆောက်အဦး အတွင်းမှာပဲ နေနေကြရပါတယ်။ ရုရှားနိုင်ငံ မောစကိုမြို့တော်မှာ ဒုတိယနေ့အဖြစ်နဲ့ မီးခိုးလုံးတွေ ထူထူထပ်ထပ် အုံ့ဆိုင်းနေလို့ မြို့သူမြို့သားတွေဟာ ဘေးကင်းရာ အဆောက်အဦးအတွင်းမှာပဲ နေနေကြရပါတယ်။ အပူချိန်ကလည်း စံချိန်ချိုးအောင် နိုင်ငံရဲ့ မိုးခေါင်ရေခြား ဖြစ်နေတဲ့ ဒေသတလွှားမှာ တောမီးနေရာ ၆ နေရာမှာ လောင်ကျွမ်းနေပြီးတော့ အခြေအနေက သက်သာသွားမယ့်ပုံ မရှိဘဲနဲ့ မီးခိုးလုံးတွေ ကောင်းကင်မှာ လွှမ်းမိုးနေတာ ဖြစ်တယ်လို့ ရုရှားအရာရှိတွေက ပြောကြပါတယ်။

အပူချိန်က လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ၁၀၄ ဒီဂရီအထိတောင် မြင့်တက်ဖို့ရှိပြီး လေထုကို ညစ်နွမ်းစေတဲ့အရာတွေလည်း လေထဲမှာ သာမန်ထက် ၆ ဆလောက် မြင့်တက်နေပါတယ်။

မော်စကိုမြို့တော်မှာ မြို့သူမြို့သားတွေနဲ့ ခရီးသွားတွေ အိမ်အပြင်ထွက်မယ်ဆိုရင် ခေါင်းစည်းပုဝါတွေ၊ နှာခေါင်းဖုံးတွေကို တပ်ဆင်ထား ရပါတယ်။ ဒါပေမဲ့ မီးခိုးငွေ့က ထူလွန်းလို့ မြို့တော်ရဲ့ ထင်ရှားတဲ့ အဆောက်အဦးတွေကို အဝေးကလှမ်းကြည့်ရင် မမြင်ရဘူးလို့ ဗြိတိသျှခရီးသွားတဦးက ပြောပါတယ်။ မီးခိုးငွေ့တွေကြောင့် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးရပြီး ခရီးဖျက်သိမ်းမှုတွေလည်း ရှိသလို တခြားနေရာတွေက ဖြတ်သန်းလာတဲ့ လေယာဉ်တွေကိုတော့ တခြား မြို့တွေကို လမ်းကြောင်း လွှဲပေးရပါတယ်။

XS
SM
MD
LG