သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင်


နယ်သာလန်က ရွှေတံဆိပ်ဆုရှင်၊၊ Michel Mulder of Netherlands (လယ်) အမေရိကန်က Shani Davis of the United States (ဝဲ) နဲ့ တတိယဆုရှင် သြစတြေးလျက Greig တို့ အောင်ပွဲခံစဉ်။
နယ်သာလန်က ရွှေတံဆိပ်ဆုရှင်၊၊ Michel Mulder of Netherlands (လယ်) အမေရိကန်က Shani Davis of the United States (ဝဲ) နဲ့ တတိယဆုရှင် သြစတြေးလျက Greig တို့ အောင်ပွဲခံစဉ်။
ရုရှားနိုင်ငံ၊ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် တတိယနေ့ အဖြစ် တနင်္လာနေ့ ပွဲစဉ်တွေထဲက မီတာ ၅၀၀ အမျိုးသား စကိတ်အမြန်စီး ပြိုင်ပွဲမှာတော့ နယ်သာလန် နိုင်ငံက ရွှေ၊ ငွေ၊ ကြေးဆုတွေ အားလုံး ရရှိသွားပါတယ်။

Michel Mulder က ရွှေတံဆိပ်၊ အမွှာညီအကို Ronald Mulder က ကြေးတံဆိပ်နဲ့ တသင်းတည်း အားကစားသမား Jan Smeekens က ငွေတံဆိပ် အသီးသီး ရရှိခဲ့ကြတာပါ။ တနင်္လာနေ့က နောက်ဆုံး ဆုရရှိမှု စုစုပေါင်းမှာတော့ ကနေဒါက ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခုနဲ့ နယ်သာလန်က ရွှေတံဆိပ် ၃ ခု ငွေ ၂ ခုနဲ့ ကြေး ၂ ခု၊ နော်ဝေကတော့ ရွှေ ၂ ဆု၊ ငွေ ၁ ဆု၊ ကြေး ၄ ခုနဲ့ စုစုပေါင်း ၇ ဆုစီ အသီးသီး ရရှိထားကြပါတယ်။

အမေရိကန်ကတော့ ရွှေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ၅ ဆုနဲ့ စတုတ္ထနေရာမှာ ရှိနေတာပါ။

ကနေဒါနိုင်ငံက Charles Hamelin ကတော့ မီတာ ၁,၅၀၀ စကိတ်ပြိုင်ပွဲမှာ ပထမ ရရှိပြီး အိုလံပစ် ရွှေတံဆိပ် တတိယအကြိမ် ဆွတ်ခူးသွားပါတယ်။ Alpine ရေခဲပြင်လျှောစီး အမျိုးသမီး ပြိုင်ပွဲမှာတော့ ဂျာမဏီနိုင်ငံက Maria Hoefl-Riesch က ပထမရခဲ့တာပါ။ ၂ မိနစ် ၃၄.၆၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး နောက်မှာတော့ သြစတြီးယားက Nicole Hosp နဲ့ လမ်းတဝက်မှာ အမှားနဲ့ကြုံခဲ့ရတဲ့ အမေရိကန် အားကစားမယ် Julia Mancuso တို့လည်း အသီးသီး ပန်းဝင်ခဲ့ကြပါတယ်။

တနင်္လာနေ့မှာပဲ နော်ေ၀ Ski အားကစားသမား Ole Einar Bjoerndalen ကတော့ ၁၂ ကီလိုမီတာခွဲ biathalon ပြိုင်ပွဲမှာ အနိုင်ရပြီး ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေရဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်အဖြစ် စံချိန်ချိုးခဲ့တာပါ။ စနေနေ့ တုန်းကလည်း ၁၀ ကီလိုမီတာ Sprint ပြိုင်ပွဲမှာ ပထမရပြီး အသက် ၄၀ အရွယ် နော်ဝေချန်ပီယံဟာ အသက်အကြီးဆုံး ဆောင်းရာသီ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဖြစ်ခဲ့ပါတယ်။
XS
SM
MD
LG