သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုမှုနဲ့ လူ ၁၀ ဦး အမေရိကန် ဖမ်းဆီး


ရုရှားနိုင်ငံအတွက် သူလျှိုလုပ်ဆောင်ပေးမှုနဲ့ လူ ၁၀ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ တနင်္ဂနွေနေ့က လူ ၈ ဦးကို ဖမ်းဆီးခဲ့တာပါ။

သူတို့ဟာ အမေရိကန် ပြည်ထောင်စုမှာ အယောင်ဆောင် အလုပ်တွေပြပြီး ကာလရှည်ကြာ ရုရှားသမ္မတနိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

ဒီသူလျှိုကွန်ယက်မှာ လူ ၁၁ ဦးပါဝင်ပြီး ၁ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေပါတယ်။

ဖမ်းဆီးမှုတွေကို နယူးယောက်ခ်၊ နယူးဂျာစီ၊ မက်ဆာချူးဆက်နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၂ ဦးကိုတော့ သူလျှိုလုပ်မှုအပြင် ငွေမည်းကို ငွေဖြူဖြစ်အောင် ခဝါချမှုနဲ့ပါ စွဲဆိုထားပါတယ်။

နိုင်ငံခြားအစိုးရတရပ် ကိုယ်စား အမေရိကန် ပြည်ထောင်စုမှာ ဘာအလုပ်ပဲလုပ်လုပ် နိုင်ငံတော် ရှေ့နေချုပ်ကို အသိပေးပြီးမှ လုပ်ခွင့်ရှိတာကြောင့် ဒီဥပဒေချိုးဖောက်မှုနဲ့ ပြစ်မှုထင်ရှား စီရင်ခံရရင် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်စီ ကျခံကြရမှာဖြစ်ပြီး ငွေမည်းကို ငွေဖြူ ခဝါချမှု အတွက်တော့ အမြင့်ဆုံး ထောင်ဒဏ်က အနှစ် ၂၀ ဖြစ်ပါတယ်။

XS
SM
MD
LG