သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုအမျိုးသမီးကို ကန်တရားရုံးက ထောင်ဒဏ်ချမှတ်


ရုရှားသူလျှိအဖြစ် စွဲချက်နဲ့ ထောင်ဒဏ် ၁၈ လ ကျခံရသူ Maria Butina
ရုရှားသူလျှိအဖြစ် စွဲချက်နဲ့ ထောင်ဒဏ် ၁၈ လ ကျခံရသူ Maria Butina

အမေရိကန်ပြည်ထောင်စုက ရှေးရိုးစွဲ နိုင်ငံရေးသမားလောကအတွင်း ထိုးဖေါက်လှုပ်ရှား ခဲ့တဲ့သူလို့ စွပ်စွဲခံ နေရတဲ့ ရုရှားနိုင်ငံက သေနတ်ပိုင်ဆိုင်ခွင့် ထောက်ခံရေး အမျိုးသမီး Maria Butina ကို မနေ့ကပဲ ထောင်ဒဏ် ၁၈ လချမှတ်လိုက်ပါတယ်။

သူဟာ အမေရိကန်က NRA လို့ခေါ်တဲ့ အမျိုးသား ရိုင်ဖယ်အသင်းရဲ့ ရာသက်ပန် အသင်း သူတဦးဖြစ်ပြီး အမေရိကန်တက္ကသိုလ်က ဘွဲ့ရထားသူလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ရှေ့နေချုပ်ကိုအသိမပေးဘဲ နိုင်ငံခြား အရာရှိတဦးရဲ့ကိုယ်စားလှယ် အဖြစ် လှုပ်ရှားခဲ့မှုနဲ့ပတ်သက်ပြီး Maria Butinaကို ပြီးခဲ့တဲ့ ဇူလိုင်လက ဖမ်းဆီးခဲ့တာပါ။

အစိုးရရှေ့နေတွေရဲ့ပြောဆိုချက်အရ Maria Butinaကိုသူ့ရဲ့ သေနတ်ပိုင်ဆိုင်ခွင့် ထောက်ခံရေး လှုပ်ရှားမှုကို အသုံးချပြီး အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထိုးဖေါက် ဝင်ရောက်ဖို့နဲ့ ၂၀၁၆ ခု အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း အမေရိကန်နဲ့ ရုရှားအကြား တရားမဝင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ပေးဖို့ ရုရှားအစိုးရ အရာရှိဟောင်း Alexander Torshin ကတိုက်ရိုက်ညွန် ကြားခဲ့တာလို့ ဆိုပါတယ်။

သူ့အပေါ် စွဲချက်တင်ထားတဲ့ ပူးပေါင်းကြံစည်မှုနဲ့ပတ်သက်ပြီး သူ့မှာအပြစ်ရှိကြောင်း Maria Butina က ဒီဇင်ဘာ လမှာဝန်ခံခဲ့ပါတယ်။

အမေရိကန်မှာ အကြီးဆုံးသေနတ်အဖွဲ့ဖြစ်တဲ့ NRA အသင်းနဲ့ တခြားအဖွဲ့ အစည်းတွေ ဆီက သတင်း အချက် အလက်တွေကို ရုရှားအရာရှိဟောင်း Torshin ရဲ့ညွှန်ကြားချက်နဲ့ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အတွင်း စုဆောင်းခဲ့ကြောင်းMaria Butina က ဝန်ခံခဲ့ပါတယ်။ Maria Butina ရဲ့လှုပ်ရှားမှုတွေကိုကူညီပေးခဲ့သူအဖြစ် အမေရိကန် ၂ ဦး စွပ်စွဲခံထားရ ပါတယ်။ အဲဒီအထဲက တဦးကတော့ ရီပတ်ဘလစ်ကန်နိုင်ငံရေး စည်းရုံးရေးမှူးဖြစ်တဲ့ Paul Erickson ဖြစ်ပါတယ်။ သူက Maria Butina နဲ့ရည်းစားအဖြစ် တွဲနေသူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG