သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပေးတဲ့ပရိသတ် ထပ်ဆူရင် ရုရှားအသင်း ပွဲစဉ်ကနေ ထုတ်ပစ်ခံရမည်


ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ Euro 2016 ဥရောပဖလား ဘောလုံး ဗိုလ်လုပွဲတွေမှာ ရုရှားအသင်းရဲ့ ပရိသတ်တွေအနေနဲ့ ကွင်းထဲမှာ နောက်ထပ် ဆူပူမှုတွေဖြစ်အောင် လုပ်မယ်ဆိုရင် ရုရှားအသင်းကို ပွဲစဉ်တွေကနေ ထုတ်ပယ်မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ဆုံးဖြတ်လိုက်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့တုန်းက မာဆေးမြို့မှာ အင်္ဂလန်အသင်းနဲ့ ရုရှားအသင်းတို့ ကစားကြတဲ့ ပွဲအပြီး ရုရှားပရိသတ်တွေက အင်္ဂလန်ပရိတ်သတ်တွေကို ကွင်းထဲမှာ ရန်စ ထိုးကြိတ်ခဲ့တဲ့အတွက် UEFA က ရုရှားအသင်းကို ထုတ်ပယ်ဖို့ ဆိုင်းငံ့ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ယူရို ၁ သိန်းခွဲ ဒဏ်ရိုက်ခဲ့ပါတယ်။

ကျန်တဲ့ ဥရောပပွဲစဉ်တွေမှာ ရုရှားအသင်း ပရိသတ်တွေက နောက်ထပ် ပြဿနာလုပ်မယ်ဆိုရင် ရုရှားအသင်းကို ထုတ်ပြစ်ဖို့ UEFA စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မာဆေးမြို့က ရန်ပွဲမှာ ရုရှားက စနစ်တကျ သင်တန်းပေးထားတဲ့ လူရမ်းကား ၁၅၀ လောက် ပါဝင်ပတ်သက်နေတယ်လို့ ပြင်သစ်အစိုးရရှေ့နေတွေက ပြောပါတယ်။

အဲဒီထဲက အယောက် ၄၀ လောက်ကို ဖမ်းဆီးဖို့လည်း ပြင်သစ်ရဲတွေ ဆောင်ရွက်နေကြပါတယ်။ ၃ ရက် ဆက်တိုက်ဖြစ်ခဲ့တဲ့ ရန်ပွဲတွေအတွင်း အင်္ဂလန်ပရိတ်သတ် ၆ ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။ တဆက်တည်း အင်္ဂါနေ့က ကစားခဲ့ကြတဲ့ အုပ်စုဗိုလ်လုပွဲ ရလဒ်တွေကို ပြောရမယ်ဆိုရင် သြစတြီးယားနဲ့ ဟန်ဂေရီ ပွဲမှာ ဟန်ဂေရီက ၂ ဂိုး၊ သြစတြီးယားက ဂိုးမရှိ၊ ပေါ်တူဂီနဲ့ Island ပွဲမှာ ၁ ဂိုးစီသရေနဲ့ ပွဲပြီးသွားပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင်တော့ ရုရှားနဲ့ စလိုဗက်ကီးယား၊ ရိုမေးနီးယားနဲ့ ဆွစ်ဇာလန်အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဆူပူမှုတွေထပ်လုပ်ရင် ရုရှားအသင်းကို ထုတ်ပယ်ဖု့ိ UEFA ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG