သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအတိုက်အခံနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ) နဲ့ အမေရိကန် ဒုသမ္မတ Joe Biden (ယာ) တို့ မြူးနစ်လုံခြုံရေးဆိုင်ရာ ညီလာခံမှာ သီးခြားတွေ့ဆုံနေစဉ်။ (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃)။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ) နဲ့ အမေရိကန် ဒုသမ္မတ Joe Biden (ယာ) တို့ မြူးနစ်လုံခြုံရေးဆိုင်ရာ ညီလာခံမှာ သီးခြားတွေ့ဆုံနေစဉ်။ (ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၃)။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လတ်ဗ်ရော့ဗ် (Sergei Lavrov) ဟာ မြူးနစ်လုံခြုံရေးဆိုင်ရာ ညီလာခံ ပြင်ပမှာ ဆီးရီးယား အတိုက်အခံ ခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

လတ်ဗ်ရော့ဗ်နဲ့ Moaz al-Khtib တို့အကြား စနေနေ့က အဲဒီတွေ့ဆုံပွဲမှာ အမေရိကန် ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ကုလသမဂ္ဂ အထူးသံတမန် Lakhdar Brahimi တို့တော့ မပါခဲ့ပါဘူး။ ကနဦးတုန်းကတော့ သူတို့လေးဦးစလုံး အတူတကွ ဂျာမနီနိုင်ငံ တောင်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးဖို့ အကြံပြု ပြောဆိုတာတွေရှိခဲ့တာပါ။ လေးဦးလုံး အတူတကွ တွေ့ဆုံပွဲအစား မစ္စတာဘိုင်ဒန် ဟာ လတ်ဗ်ရော့ဗ်၊ ဘရာဟီမီ၊ အယ်လ်-ခါတစ်ဘ်တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီနှစ် မြူးနစ် လုံခြုံရေးဆိုင်ရာညီလာခံဟာ ဆီးရီးယားပြည်တွင်းစစ်ကို အဆုံးသတ်ရေး နည်းလမ်းရှာဖွေတဲ့ ကြိုးပမ်းမှုတွေကို ပြန်ပြီးအသက်သွင်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရနဲ့ စေ့စပ် ညှိနှိုင်း လိုတယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ al-Khatib က ပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ရုရှားနဲ့ အမေရိကန်တို့ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ အရေးကြီး တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး လတ်ဗ်ရော့ဗ်နဲ့ ဆွေးနွေးပွဲအတွင်း ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က အလေးအနက် ပြောခဲ့ တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG