သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပစ်ရပ်ရေး အမေရိကန်နဲ့ရုရှား သဘောတူညီမှုမရသေး


ရုရှားသမ္မတ Vladimir Putin နဲ့ သမ္မတ Barack Obama တွေ့ဆုံစဉ်
ရုရှားသမ္မတ Vladimir Putin နဲ့ သမ္မတ Barack Obama တွေ့ဆုံစဉ်

ဆီးရီးယားအရေး ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေးမှုတွေဟာ အကျိုးရှိပေမဲ့၊ စစ်ဒဏ်သင့် လူထုကို လူသားချင်း စာနာမှု အကူအညီ ပေးနိုင်မယ့် အပစ်အခတ်ရပ်စဲရေးအတွက် ၂ ဘက်အကြား သဘောတူညီမှုတော့ မရသေးဘူးလို့ သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။

ယုံကြည်မှုအပိုင်းမှာ ကွာဟချက်တွေ ရှိနေတဲ့အတွက် စေ့စပ်ညှိနှိုင်းရတာ ခက်ခဲပြီး၊ လက်တွေ့ အလုပ်ဖြစ်မယ်လို့ ယူဆထားတဲ့ နည်းလမ်းနဲ့ ကွာဟနေတာတွေကို နီးစပ်အောင်လာတဲ့အထိတော့ မလုပ်နိုင်သေးဘူးလို့လည်း ရုရှားသမ္မတနဲ့ တွေ့ဆုံပြီး နောက်မှာပဲ တရုတ်နိုင်ငံ ဟန်ဂျိုးမြို့က စက်မှုထွန်းကားတဲ့ နိုင်ငံ ၂၀ (G-20) ညီလာခံ ပိတ်ပွဲအခမ်းအနားမှာ သမ္မတအိုဘားမားက သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ဆီးရီးယားအရေး ရုရှားနဲ့ ဆွေးနွေးမှုတွေကို နောက်ပိုင်းရက်တွေမှာလည်း ဆက်လုပ်သွားဖို့ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကို ညွှန်ကြားထားတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတဲ့ ဆီးရီးယား နိုင်ငံသား သန်းပေါင်းများစွာကို အကူအညီပေးနိုင်ဖို့ အပစ်အခတ် ရပ်စဲမယ့် အစီအစဉ်မှာတော့ ရုရှားနိုင်ငံက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယားအစိုးရနဲ့ အမေရိကန်က ထောက်ခံ အားပေးနေတဲ့ သူပုန်အဖွဲ့တွေ ပါဝင်ကြမှာပါ။

တနင်္ဂနွေနေ့က ၂ ဘက်အကြား သဘောတူညီချက်ရဖို့ နီးစပ်တဲ့ အလားအလာတွေ တွေ့ခဲ့ရပေမဲ့ အဟန့်အတားတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂ သိန်းခွဲ သေဆုံးပြီး ၁၁ သန်း ဦးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပမှာ ဒုက္ခသည် ပြဿနာတွေ ပေါ်ပေါက်ခဲ့ရသလို၊ အစွန်းရောက် စစ်သွေးကြွတွေ ခေါင်းမော့လာတဲ့ အခြေအနေမျိုးတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဆီးရီးယားအပစ်ရပ်ရေး အမေရိကန်နဲ့ရုရှား သဘောတူညီမှုမရသေး
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG